ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်မြို့၏သစ်သီးဝလံဈေးကွက်အတွင်း ယခုရာသီ သီးနှံမျိုးစုံဝင်ရောက်လျက်ရှိရာ လိမ္မော်သီး၊ ဖရဲသီး၊ ပန်းသစ်တော်၊ ပျားလိမ္မော်စသည့်သီးနှံများအပြင် လိုင်ချီးသီး၊ စတော်ဘယ်ရီသီး၊ မင်းကွတ်သီး၊ ကြက်မောက်သီး၊ ဒူးရင်းသီး စသည်ဖြင့် ရာသီစာသစ်သီးဝလံများကလည်း အရောင်းအဝယ်ကောင်းနေကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၊ မေလတတိယအပတ်အစတွင် လိုင်ချီးသီးအ

ပူပြင်းလွန်းတဲ့နွေရာသီ အပူချိန်များသည့်ကာလဖြစ်သည့်ယခုကာလတွင် Electronic ဈေးကွက်၌ ပန်ကာမျိုးစုံ၊ လေအေးပေးစက်မျိုးစုံ ရောင်းဝယ်မှုများနေသည့်အချိန်နှင့်အညီ လူတန်းစားအလွှာအလိုက် မိမိတတ်နိုင်သလောက် ဝယ်ယူသုံးစွဲနေကြသည့်အထဲတွင် Air con များထက် လူတန်းစားအလွှာမရွေးသုံးစွဲနိုင်သည့် အားသွင်းပန်ကာငယ်လေးများ အရောင်းသွက်လျက်ရှိနေကြေ

ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် စပါး/ ဆန်ဈေးများငြိမ်နေပြီး (၄၆)ပေါင်တင်း (၁၀၀)လျှင် ၂၀၃၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် ၇၆၀၀၀-၈၀၀၀၀ကျပ်ဖြင့် ၂၀၂၄ခုနှစ်၊ ဧပြီလမှစ၍ ယခုမေလတတိယပတ်အစအထိဈေးငြိမ်နေပါသည်။ ဧရာဝတီ၊ ပုသိမ်ဘက်မှဝယ်ယူရောင်းချသော ပေါ်ဆန်းဆန်ဈေးများမှာ ၁၆၀၀၀၀ကျပ်မှ ၁၇၂၀၀၀ကျပ်အထိ တစ်အိတ်လျှင် ၅၀၀၀ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး ပုသိမ်ရိုးနီ

တောင်ငူခရိုင်၊ ဖြူးမြို့တွင် မြေပဲဆီမှာ ဖေဖော်ဝါရီလလယ်ပိုင်းက တစ်ပိဿာလျှင် ၁၆၀၀၀ကျပ်ရှိရာမှ ယခုမေလတတိယအပတ်အစတွင် တစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားကြောင်းသိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ၂၀၂၄ခုနှစ်၊ မေလပထမအပတ်က Octane 92 တစ်လီတာလျှင် ၂၇၀၀ကျပ်၊ Octane 95 တစ်လီတာလျှင် ၂၈၁၀ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၃၆၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၄၁၅ကျပ်ရှိပါသည်။
