ပြည်တွင်းကုန်သွယ်မှုသတင်းများ
မာလကာပင်၏အသီးမှာ အကြမ်းအားဖြင့် အူနီသီးမျိုးနှင့် အူဖြူသီးမျိုးဟူ၍ ရှိပါသည်။ အူနီသီးမျိုးသည် အသီး၏အတွင်းသားသည် ပန်းရောင်မှ အနီရောင်ရှိ၍ စားသုံးရာတွင် ပျော့ပျောင်းသည်။ အူဖြူမျိုးထက်ပို၍ချိုပြီး အသီးပုံသဏ္ဍန်သည် ဘူးသီးပုံဖြစ်သည်။ အူဖြူမျိုးအသီး၏အတွင်းသားသည် အဖြူရောင်ရှိပြီး အသီးသည်မာကျစ်၍ အူနီမျိုးထက် အစေ့လဲပိုများပြီး

ယခုအပတ် ဒီဇင်ဘာလလယ်တွင် ပြည်ဈေးကွက်သို့ ပန်းဂေါ်ဖီများအဝင်များပြီး ဈေးနှုန်းများကျလျက်ရှိပါသည်။ ရွှေတောင်၊ ပုတီးကုန်း၊ သဲကုန်းနှင့် အင်းမဘက်မှ ပန်းဂေါ်ဖီများ အဓိကဝင်ရောက်လျက်ရှိပြီး နေ့စဉ်အပွင့် (၅၀၀)ခန့် ဝင်ရောက်မှုရှိနေပါသည်။ ယခင်ပေါ်စ အောက်တိုဘာလဆန်းတွင် ဈေးမြင့်သည့်အတွက် အရောင်းအဝယ်မသွက်ပဲ ယခုဈေးကျချိန်တွင် ဝင်ရ

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် ခရမ်းကြွပ်သီးများကို စိုက်ပျိုးထွက်ရှိနေပြီဖြစ်ပါသည်။ တောင်သူများနေဖြင့် ခရမ်းကြွပ်သီးကို ဧကပြတ်စိုက်ပျိုးထားခြင်းမရှိဘဲ အခြားသီးနှံများဖြင့်ရောနှော၍ စိုက်ပျိုးထားရှိပါသည်။ ခရမ်းကြွပ်သီးကိုအများဆုံးစိုက်ပျိုး ဧကမှာ (၀.၂၅)ဧက တစ်ယောက်သာစိုက်ပျိုးထားကြ

ပြည်ဈေးကွက်တွင် အရသာခါးသက်သက်ရှိသည့် တမာရွက်ကိုအချဉ်ဖောက်ထားသော တမာချဉ်များအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကောင်းရလျက်ရှိပါသည်။ ပြည်ဒေသအနီးရှိကျေးရွာများနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ဖိုးဦးတောင်၊ ညောင်ပင်သာ၊ မကျီးစုစသည့်ရွာများမှ လာရောက်ရောင်းချကြပါသည်။ တမာရွက်နုနုကို ရေနွေးဆူဆူတွင် နွမ်းယုံနှစ်ကာဆယ်၍ အအေးခံထားသော က

ရုံးပတီသီးအပင်သည် အပင်အနိမ့်အမြင့်ပေါ်မူတည်ပြီး အသီးပုံသဏ္ဍာန်အမျိုးမျိုးရှိပါသည်။ အပင်ငယ်မျိုးကို ၂ပေ ၃ပေကြား ခွာစိုက်ပျိုးရပါသည်။ စိုက်ပျိုးရာတွင် ရုံးပတီသီးစေ့အား ရေစိမ်ထားပြီးမှ မြေကြီးအတွင်း စိုက်ပျိုးရပါသည်။ ရုံးပတီသီးအပင်သည် တစ်နှစ်ပတ်လုံးစိုက်ပျိုး၍ရသည့် အပင်မျိုးဖြစ်ပါသည်။ ရုံးပတီတောင့်များသည် အပင်ခြေမှ ထိ
