ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
17 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ် ကွက်များမှ ရာသီအလိုက် တောတောင် သဘာဝအရ ပေါက်ရောက်သော မျှစ်၊ မှို၊ အင်ဥ ၊ အင်ဖက်နှင့် သပြေပန်း စသည်တို့ကို သွား‌ရောက်ရှာဖွေ ရောင်းချသည့်အနက် ယခုအချိန်တွင် ဒေသထွက် ပေါ်ဦးပေါ်ဖျား မျှစ်စိမ်းများကို ရှာဖွေ၍ ဈေးကွက် အတွင်းသို့ ရောင်းချကာ ဈေးကောင်းရရှိကြောင်း သိရှိရပါသည်။
17 Jul 2025
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ရှိ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်နေသော ပဲမျိုးစုံ ဈေးနှုန်းများအနေဖြင့် မတ်ပဲ ( ၁ ) တင်းလျှင်
17 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပိတ်စွယ်များကို ခူးဆွတ်ပြီး ကျွန်းလှမြို့၊ သစ်ရာမြိုင် ရပ်ကွက်ဈေး နှင့် ပိတောက်မြိုင်ရပ်ကွက်ဈေးများသို့ လာရောက် ရောင်းချကြောင်း သိရှိရပါသည်။
17 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ရှင်မွေးလွန်းပန်း၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည
17 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းရတနာဈေးအတွင်းတွင် ဂျပန်ပျားလိမ္မော်သီးများ ရောင်းချ လျက်ရှိကြောင်းသိရှိရပါသည်။ ဂျပန်ပျားလိမ္မော်သီးသည် အေး၍စိုစွတ်သော ရာသီဥတုကို ကြိုက် နှစ်သက်သဖြင့် အေးမြသောရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် အများဆုံးဖြစ်ထွန်းသော သီးနှံ ဖြစ်သည်။

Pages