ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Sep 2023

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံမျိုးစုံနှင့် ပြောင်းအမျိုးမျိုးတို့းစိုက်ပျိုးသည့်အပြင် နှံစားပြောင်းသီးနှံများကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် နှံစားပြောင်းစိုက်ဧက (၃၁၇၇)ဧက အောင်မြင်စွာစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ကျောက်ဆည်မြို့

26 Sep 2023

      တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ ရာသီအလိုက် သီးနှံများတင်ပို့ရောင်းချလျက်ရှိရာ ယခုအခါ ရှမ်းပြည်နယ်မှ သရက်သီးအစိမ်းနှင့် အမှည့်များကို သစ်သီးဆိုင်များတွင် ရောင်းချနေသည်ကို တွေ့ရပါသည်။

26 Sep 2023

     မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စားဖိုဆောင်သီးနှံများဖြစ်သော ခရမ်းချဉ်သီး၊ ငရုတ်သီးများအပြင် ကြက်သွန်သီးနှံလည်းစိုက်ပျိုးလျက်ရှိပြီး ခရိုင်အတွင်း ကြက်သွန်နီစိုက်ဧက (၁၉၉၄)ဧကစိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ တတိယအပတ်မှစ၍ ကြက်သွန်နီများကို မြစ်သားမြို့န

26 Sep 2023

    တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီမှာ တစ်ပိဿာလျှင် ၁၇၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိပါသည်။

26 Sep 2023

     တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာအုပ်စု၊ မင်းလမ်းကျေးရွာရှိ ဦးမြဝင်း၏ CP အသားတိုးဝက်နှင့် CP မျိုးစပ် ဝက်ကောင်ပေါက်များကို ဝယ်ယူနိုင်ရရှိနိုင်ပါသည်။ ၄၅ ရက်သား အသားတိုး ဝက်ပေါက်တစ်ကောင်လျှင် ၁၅၀၀၀၀ ကျပ်ပေးရပြီး နောက် ရက်ပေါင်း ၆၀ ကြာလျှင် ရောင်းတန်းဝင် ဝက်ကြီးတစ်ကောင်အဖြစ် ရောင်းချနိုင်ပါသည်။

Pages