ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကျိုက်မရောမြို့နယ်၌ ဒေသထွက်သီးနှံ တစ်မျိုးဖြစ်သည့် ကြက်မောက်သီးများလှိုင်လှိုင် ထွက်ရှိနေပြီး ဖြစ်သော်လည်း အခြားမြို့များသို့ တင်ပို့ရန် လမ်းခရီးအခက်အခဲရှိ၍ စျေးအနည်းငယ် ကျဆင်းနေကြောင်း သိရသည်။

တောင်ငူမြို့ရှိဈေးများတွင် ရာသီပေါ်ကနစိုးသီးများကို ရောင်းချနေပြီဖြစ်ပါသည်။ ကနစိုးသီးသည် ဗီတာမင်စီကြွယ်ဝသကဲ့သို့ သံဓါတ်ပါဝင်မှုကြောင့်လည်း သွေးအားကောင်းစေသည့်အပြင် ကိုယ်ခံအားကိုလည်းကောင်းစေပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ခရမ်းသီးများကို ပခုက္ကူကျွန်း၊ ဘောလုံးခုံ၊ လေးလံကျွန်း၊ မြင်းကျွန်း၊ ကုက္ကိုလ်လှ၊ သင်္ဘောကုန်း၊ ရွာသစ်ကုန်း ကျေးရွာများတွင် ခရမ်းသီးကို သီးညှပ်အဖြစ် အဓိကစိုက်ပျိုးကြပါသည်။ ခရမ်းသီးရာသီကုန်ဆုံးသည်ဖြစ်သောကြောင့် ခရမ်းသီး ဈေး မှာလည်း တရိပ်ရိပ်နှင့် ဈေးတက်လျက်ရှိပါသည်။ ယခုအ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိသောကြောင့် ငါးအမျိုးမျိုးရရှိသော်လည်း မြို့နေလူဦးရေများပြားသောကြောင့် မိမိတို့ဒေထွက် ငါးများဖြင့် မလုံလောက်သဖြင့် မြန်မာပြည်အောက်ပိုင်းရှိ ရန်ကုန်ငါးဒိုင်မှလည်း ဝင်ရောက်အရောင်း အဝယ်ဖြစ်နေပါသည်။ ပခုက္ကူဒေသမှထွက်ရှိသောငါးများမှာ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူကြက်သွန်နီကုန်စည်ဒိုင် ဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးနှုန်းများ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ ခုနှစ်၊ မေလ (တတိယပတ်)တွင် ကြက်သွန်နီ အမြင့်ဈေး တစ်ပိဿာလျှင် ထိပ်စ ကျပ်(၂၀၀၀)၊ အလတ်စ ကျပ် (၁၈၀၀)၊ အသေးစ ကျပ်(၁၆၀၀)ဈေးရှိခဲ့ပြီး ယခင်မေလ(ဒုတိယပတ်)တွင်လည်း
