ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်လေးဈေးသို့ အခြားဒေသများမှ ရာသီပေါ်သီးနှံများ လာရောက် ရောင်းချပေးလျက်ရှိရာ ၂၀၂၄ခုနှစ် ဧပြီလနောက်ဆုံးပတ်တွင် မော်လမြိုင်ဘက်မှ ဒညင်းသီးများ စတင်ဝင်ရောက် ရောင်းချ လျက်ရှိပါသည်။

မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမဘေးရှိ ရောင်းချနေ သော ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာတွင် နေထိုင်သူ ဦးဆန်နီ၏ ဖရဲသီးအရောင်း ဆိုင်အား ဖရဲသီးစိုက်ပျိုးရောင်းချနေမှု အခြေအနေအား ကွင်းဆင်းလေ့လာခဲ့ရာတွင် ဆိုင်ရှင်၏ ပြောကြားချက်အရ ဖရဲသီးအား ကိုယ်တိုင်စိုက်ပျိုး၍ ရောင်းချခြင်းဖြစ်ကြောင်း ဖ

စားသုံးသူရေးရာဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တီးတိန်ခရိုင်တာဝန်ခံ ဦးပြောင်ဒါးလ် (အကြီးတန်းစာရေး)သည် ၂၀၂၄ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့၊ နေ့လယ် (၁၃:၃၀) အချိန်တွင် တီးတိန်မြို့နယ်၊ ငင်းနုန်းကျေးရွာရှိ ကြက်သွန်ဖြူစိုက်ပျိုးတောင်သူများထံသို့ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရပါသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာအုပ်စု၊ ယောချောင်း ဘေးရှိ ပျဉ်းချောင်း၊ ထန်းတောကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊ ဆင်သေ၊ အောက် ကျင်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ မြေပဲ၊ ခရမ်းချဉ်သီး စသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ပြီး ကြက်သွန်နီ၊ နှမ်း၊ ပြောင်း၊ ဝါ၊ မြေပဲ၊ ကုလားပဲစသည့်သီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရှိရပါသည်။
