ပြည်တွင်းကုန်သွယ်မှုသတင်းများ
ကရင်ပြည်နယ်တွင် ဝဥရာတူးဖော်ချိန်ရာသီရောက်၍ ဝဥအဝယ်ဒိုင်တစ်ချို့ ဈေးကွက်ဖွင့်၍ အရောင်းအဝယ်စသော်လည်း ယခုနှစ်ဝဥရာသီမှာအရောင်းအဝယ်အေးလျက်ရှိကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကရင်ပြည်နယ်တွင် စိုက်ပျိုးသောမိုးစပါးများအနက် ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ခနိမ်းဒိုကျေးရွာတွင်း စိုက်ပျိုးသော ဒေသဝမ်းစာစပါးများစတင်ထွက်ရှိပြီဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်းရှိ ခရိုင်အလိုက် ဆေးဆိုင်ဖွင့်လှစ်ရောင်းချနေမှုမှာ မော်လမြိုင်ခရိုင်၌ ဆေးဆိုင် ၄၅၅ဆိုင်နှင့် သထုံခရိုင်၌ ဆေးဆိုင် ၂၀၅ဆိုင်၊ စုစုပေါင်း ဆေးဆိုင် ၆၆၀ဆိုင်ရှိကြောင်းသိရသည်။
ဘားအံဈေးကွက်အတွင်းသို့ မုံရွာကြက်သွန်နီများ ၂၀၂၃ခုနှစ်၊စက်တင်ဘာဒုတိယအပတ်တွင် ဝင်ရောက်လျက်ရှိကြောင်းနှင့် ကြက်သွန်ဈေး အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပါ ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်တွင် တစ်ပိုင်တစ်နိုင်အနေဖြင့် လည်းကောင်း ၊ မိသားစုစားဝတ်နေရေး