ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့၏ဈေးကွက်များတွင် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ မရမ်းသီးများအနည်းငယ်ဝင်ရောက်စပြုနေသည်ကိုတွေ့ရပါသည်။ ပေါ်စအချိန်တွင် မရမ်းသီးများမှာ ရေလောင်း၍စိုက်ပျိုးထားခြင်းကြောင့် ဆီးသီးအရွယ်လောက်ရှိပြီး တစ်ဆယ်ကျပ်သားလျှင် (၄၀၀၀)ကျပ်ဖြင့်ရောင်းချသော်လည်း ဈေးတိုင်းတွင်မရှိဘဲ ရှိသည့်ဈေးတွင် ဈေးသည်တစ်ဦး/ နှစ်ဦး

ပြည်ကုန်စည်ဒိုင်တွင် ပဲမျိုးစုံရောင်းဝယ်လျက်ရှိပြီး မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီး၊ ဘိုကိတ်နှင့် စားတော်ပဲသီးနှံများရောင်းဝယ်လျက်ရှိပါသည်။

တောင်ငူမြို့သို့ အခြားအရပ်ဒေသများမှ သစ်သီးဝလံပန်းမန်များနှင့်အတူ ကွမ်းရွက်များကိုလည်း လာရောက်ရောင်းကြပါသည်။ ယခင်နှစ်မိုးရာသီကာလတွင် ကွမ်းနုဝါမှာ တစ်ပိဿာလျှင် ၂၅၀၀ကျပ်မှ ၄၅၀၀ကျပ်အထိနှင့် မုံရွာကွမ်းမှာ တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိရှိခဲ့ပါသည်။

တောင်ငူမြို့တွင် ယခု၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၅၀၀၀၀ကျပ်၊ ဧည့်မထဆန်တစ်အိတ်လျှင် ၈၇၀၀၀ကျပ်မှ ၉၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဖျာပုံပေါ်ဆန်းမှာ ယခင်ဖေဖော်ဝါရီလ ဒုတိယအပတ်တွင် တစ်အိတ်လျှင် ၁၂၅၀၀၀ကျပ်မှ ယခု ဖေဖော်ဝါရီလ တတိယပတ်တွင် တစ်အိတ်လျှင် ၁၃၅၀၀ကျပ်၊ ဒေသပေါ်ဆန်းမှာ ယခင်ဖေဖော်ဝါရီ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဒေသတွင် စပါးစိုက်ဧကမှာ (၅၀၀၀-၆၀၀၀)အတွင်းသာရှိပြီး မနောသုခ၊ ဆင်းသုခမျိုးများကိုစိုက်ပျိုးကြသည်။ ဒေသထွက်စပါးများကိုကြိတ်ခွဲပြီး ဒေသအတွင်း၌ စားသုံးကြသည့်အပြင် တခြားမြို့ကြီးများမှ စပါးများကိုဝယ်ယူကြိတ်ခွဲ၍ စားသုံးရောင်းချခြင်းများလည်းပြုလုပ်ကြသည်။ စပါးဈေးနှုန်းအနေဖြင့် ယခုအချိန်တွင် တင်း(၁၀၀)ကို ကျပ
