ပြည်တွင်းကုန်သွယ်မှုသတင်းများ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းသီးနှံကိုလည်း စီးပွားဖြစ်စိုက်ပျိုးကြပါသည်။ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင် ခရိုင်အတွင်း မိုးပဲတီစိမ်း (၂၁၅၂၀)ဧကစိုက်ပျိုးရိတ်သိမ်းနိုင်ခဲ့ပြီး ယခုဆောင်းပဲတီစိမ်းကို (၅၁၉)ဧကစိုက်ပျိုးထားကြောင်း ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့တွင် ယခုအချိန်၌ မိုးလေကင်းစင်၍ အဆောက်အဦများဆောက်လုပ်ကြသော အချိန်ဖြစ်သောကြောင့် ဖေဖေါ်ဝါရီလ(စတုတ္တပတ်)တွင် ယခင်လထက် ဈေးနှုန်းမြင့်တက်နေပြီး ကြံ့နှစ်ကောင်ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၅၀၀)၊ အယ်လဖာဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၁၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

၂၈.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံ တစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
၂၈.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ချက်အား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

၂၈.၂.၂၀၂၄ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-