ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တွင် ပတ်ဝန်းကျင်ကျေးရွာများဖြစ်ကြသော အင်းမငယ်၊ ပေါက်ပင်၊ စခန်းကြီး၊ အုန်းပင်လှ၊ ပျဉ်ထောင်၊ မြွေးပွေး၊ ကျောက်အိုင်စသည့် ကျေးရွာများမှ မိုးတွင်းကာလတွင် ချောင်းကြို၊ မြောင်းကြား၊ လျှိုကြားတွင်ပေါက်ရောက်လျက်ရှိသော ဝါးရုံတော၊ ဝါးပင်များမှ ထွက်ရှိသော မျှစ်များကို မျှစ်ပြုတ်တစ်မျိုး၊ မျ
အောင်လံကုန်စည်ဒိုင်တွင်နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၉-၈-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၀၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၁၅-၈-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၉၀၀၀၀မှ ၃၁၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)မြင့်တက်ခဲ့ပြီး (၁၃၅၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
မကွေးမြို့၊ ရန်ပယ်စျေး၌ မြို့ပေါ်ရှိ စျေးသည်များနှင့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ဒဟက်ကန်ရွာ၊ ကံလှရွာ၊ ကန်ပြားရွာ၊ ထုံးပေါက်တောကျေးရွာ၊ မကျီးကန်ကျေးရွာ၊ နွားကူးကျေးရွာ၊ သန်းတောကုန်းကျေးရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
ဗီတာမင်ကြွယ်ဝသောသီးနှံများတွင် ငှက်ပျောသီးအစာလည်းအပါအဝင်ဖြစ်သည်။ ငှက်ပျောသီးအမျိုးအစားများမှာ ကွဲပြားမှုရှိသော်လည်း အမျှင်ဓာတ်ပါဝင်မှုများခြင်း၊ ပိုတက်စီယမ်၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ မဂ္ဂနီစီယမ်ဓာတ်၊ ကစီဓာတ်၊ ပရိုတင်းဓာတ်နှင့် အဆီဓာတ်များပါဝင်မှုကြောင့် ကျန်းမာကြံ့ခိုင်စေပြီး တစ်နေ့တာလိုအပ်သောခွန်အားများကို ပြန်လည်ဖြည့်တင်းပေ
မကွေးမြို့တွင် ရန်ပယ်စျေး၊ မြို့မစျေး၊ ကန်သာစျေး၊ မင်္ဂလာစျေး၊ ဆည်မြောင်းစျေး၊ အခွန်လွတ်စျေးတို့ရှိကြပြီး ရန်ပယ်စျေးသို့ ဒဟက်ကန်ကျေးရွာ၊ ကန်ပြားကျေးရွာ၊ ကန်လှကျေးရွာ၊ ထုံးပေါက်တော ကျေးရွာ၊ မကျီးကန်ရွာ၊ ဆားတိုင်ကန်ရွာ၊ သန်းတောကုန်းရွာ၊ ပုထိုးစမ်းကျေးရွာတို့မှ အဓိကရောင်းဝယ် ဖောက်ကားလျက်ရှိပါသည်။