ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ ညောင်ပင်ဈေးဟုခေါ်သည့် ကုန်စိမ်းဈေးတွင် ဟင်းသီးဟင်းရွက်များ ရောင်းချလျက်ရှိရာ ဝါးနွယ်မျှစ်ပြုတ်များမှာ ပေါ်စတွင် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ရှိသော်လည်း ယခုအခါတွင် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်၊ ၁၀ ကျပ်သားယူလျှင် ၃၀၀ ကျပ်အထိ ဈေးကျဆင်းပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ အရှေ့ဆင်ကျေးရွာအုပ်စု၊ အနောက်ဆင်ကျေးရွာအုပ်စု၊ ကမ်းနီကျေးရွာအုပ်စု၊ ဒိုးအင်းကျေးရွာအုပ်စုများတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနှမ်းများကို ရိတ်သိမ်းနေပြီဖြစ်ပါသည်။ သက်ဆိုင်ရာဌာနမှ ရရှိသော စာရင်းများအရ တောင်ငူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးနှန်း ၃၇၈၉ ဧက စိုက်ပျိုးထားကြေ
ဂန့်ဂေါခရိုင်၊ မြို့မစည်ပင်သာယာဈေးတွင် အနီးအနားရှိ ကျေးရွာများဖြစ်သော ဇာဟော၊ စိုင်ဒူးရွာတို့မှ ဟင်းသီးဟင်းရွက်များနှင့် ပခုက္ကူ၊ မန္တလေးမြို့တို့မှ အသားငါးများအား ကုန်သည်များလာရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။
သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ယခုအခါတွင် နွေစပါးများအားလုံး ရိတ်သိမ်း ပြီးစီးခဲ့ရာ သာယာဝတီမြို့နယ် စိုက်/ရိတ်ဧက (၄၄၉၈၆)၊ လက်ပံတန်းမြို့နယ် စိုက်/ရိတ်ဧက (၁၂၈ ၇၃) ၊ မင်းလှမြို့နယ် စိုက်/ရိတ်ဧက (၁၀၉၆၄)၊ မိုးညိုမြို့နယ် စိုက်/ရိတ်ဧက (၁၉၇)၊ အုတ်ဖို မြို့နယ် စိုက်/ရိတ် ဧက (၉၉၉၆)၊ ကြို့ပင်ကောက်မြို့နယ် စိုက်/ရိတ် ဧက (၈
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ်၊ နွယ်ခွေရပ်ကွက် မြရတနာလမ်းရှိ လုပ်ငန်းရှင် ဦးဆန်းထူး၏ ဆပ်ပြာကုန်ကြမ်းလုပ်ငန်း ထုတ်လုပ်မှု့အား စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ရီရီရှိန်နှင့် ဝန်ထမ်းတို့သည် ၁၄.၈.၂၀၂၃ရက်နေ့တွင် ဆပ်ပြာ ကုန်ကြမ်း ထုတ်လုပ်ရာ အလုပ်ရုံသို့ သွားရောက်လေ့လာခဲ့ပါသည်။