ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာတွင် ရုံးပတီသီးများစိုက်ပျိုးထွက်ရှိကြောင်း သိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၄-၇-၂၀၂၃) ရက်နေ့တွင် ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့်အကျိုးအမြတ်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၉၅_1.jpg?itok=3knO9_U4)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မီးလောင်အုပ်စု၊ အင်္ဂလှိုင်ဂန်ကျေးရွာတွင် ပဲစောင်းလျားသီးများစိုက်ပျိုးထွက်ရှိကြောင်း သိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၁-၇-၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ ကွင်းဆင်းလေ့လာ၍ စိုက်ပျိုးမှုနှင့် အကျိုးအမြတ်များကိုမေးမြန်းဆွ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၉၄_2.jpg?itok=mCnXF6_y)
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် တောင်ငူမြို့ရှိ အခြေခံလူတန်းစားများအတွက် အခြေခံစားကုန်များကို သက်သာသောနှုန်းထားဖြင့် ဝယ်ယူရရှိနိုင်ရေးရည်ရွယ်၍ တောင်ငူမြို့၊ ဘုရင့်နောင်ဈေးမြောက်ဘက်ရှိ သံတောင်လမ်းမကြီးပေါ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက အရောင်းဆိုင်ဖွင့်လှစ်၍ တိုက်ရိုက်ရောင်းချပေးလျက်ရှိပါသည်
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၉၃_1.jpg?itok=M-X4D_gz)
တောင်ငူမြို့၊ ညောင်ပင်ဈေးရှိ သစ်သီးအရောင်းဆိုင်များတွင် ဇူလိုင်လ၊ တတိယအပတ်တွင် ပန်းသီးတစ်လုံးလျှင် ၁၅၀၀ကျပ်မှ ၂၀၀၀ကျပ်အထိရှိပါသည်။ ပန်းသစ်တော်သီးမှာ တစ်လုံးလျှင် ၃၀၀၀ကျပ်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၉၂_3.jpg?itok=9nIhHgLi)
တောင်ငူမြို့နယ်၊ လေးမိုင်ဒေသတွင် အကျဉ်းဦးစီးဌာန၏ ကျောက်ထုတ်လုပ်ခွင့်ရရှိထားသောကုမ္ပဏီများသည် ကျောက်များထုတ်လုပ်၍ ဆောက်လုပ်ရေးလုပ်ငန်းများသို့ ပို့ဆောင်ရောင်းချပေးလျက်ရှိပါသည်။ ကျောက်ထုတ်လုပ်ခွင့်ရရှိသောကုမ္ပဏီသည် ၎င်းထုတ်လုပ်ခွင့်ရရှိသည့် ဧရိယာအတွင်းမှ ကျောက်တောင်များကို ဒိုင်းနမိုက်ဖြင့်ခွဲရပါသည်။ ကျောက်တောင်အား ဒိုင်းနမို
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၉၀_1.jpg?itok=pkwHzCtp)