ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ ညနေပိုင်းမှစတင်၍ ဖြူးမြို့၊ မြို့မဈေးကြီးအနီးရှိ စားသုံးသူရေးရာဦးစီးဌာန၏ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၆_3.jpg?itok=gqaErnIg)
တောင်ငူခရိုင်၊ ဖြူးမြို့တွင် ရွှေဘိုပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ဧည့်မထ(မိုး)မှာ ယခင်အပတ်တွင် တစ်အိတ်လျှင် ၇၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်အိတ်လျှင် ၇၄၀၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၅_3.jpg?itok=g-9ouHqi)
တောင်ငူမြို့၊ ညောင်ပင်လေးဈေးရှိ ဟင်းသီးဟင်းရွက်ဈေးတွင် ငရုတ်သီးစိမ်း (မိုးထောင်သီး) မှာ တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ ငရုတ်သီးစိမ်း (ကျောက်စိမ်းသီး) များမှာ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၄၀၀၀ကျပ်အထိတို့ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး ကုလားအော်သီးမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၂၂၀၀၀ကျပ်ရှိခဲ့ရာမှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၁၈၀
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၄_3.jpg?itok=C5y53-cp)
တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်များဖြစ်သော မြေပဲဆီတစ်ပိဿာလျှင် ၁၅၀၀၀ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး စားအုန်းဆီမှာ ယခင်အပတ်တွင် တစ်ပိဿာလျှင် ၆၈၀၀ကျပ်မှ ယခုအပတ်တွင် တစ်ပိဿာလျှင် ၇၅၀၀ကျပ်ဖြင့် ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၃_4.jpg?itok=-TqP2xhK)
၂၀၂၃ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့တွင် ကြို့ပင်ကောက်မြို့နယ်၌ အခြေခံစားသောက်ကုန်များဖဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ၅၀၀၀ကျပ်နှင့် ၂၄ပြည်ပါ တစ်အိတ်လျှင် ၁၂၀၀၀၀၊ ဧည့်မထဆန်တစ်ပြည်လျှင် ၂၉၁၆ကျပ်နှင့် ၂၄ပြည်ပါ တစ်အိတ်လျှင် ၇၀၀၀၀ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၂_2.jpg?itok=33mLtMFQ)