ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ တောင်သူများအနေဖြင့် နွေစပါး၊ မိုးစပါး၊ နွေနှမ်း (မိုးကြိုနှမ်း) မိုးနှမ်း၊ မိုးမြေပဲ၊ ဆောင်းမြေပဲ၊ နေကြာ၊ ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးလျှက်ရှိကြပါ သည်။ နွေစပါးနှင့် နွေနှမ်း(မိုးကြိုနှမ်း)များကို ဆည်ရေရသည့်ဒေသများတွင် စိုက်ပျိုးလျှက်ရှိပါသည်။

ဝါးတန်းဆန်စပါးကုန်စည်ဒိုင်သို့ (၂၂.၄.၂၀၂၄) မှ (၂၆.၄.၂၀၂၄) နေ့ထိ ဆန်ဝင်ရောက်မှုစာရင်း များ မှာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံ၊ မြောင်းမြ၊ ဘိုကလေး၊ မော်ကျွန်း၊ ကျိုက်လတ်၊ ဓနုဖြူ၊ ဟင်္သာတ၊ လပ္ပတ္တာ၊ ပန်းတနော်၊ ညောင်တုန်း၊ အဖျောက်၊ အသုတ်မြို့နယ်များမှ ပေါ်ဆန်းမွှေး (၅၄၃၈၀) အိတ်၊ ပေါ်ကျွဲ (၅၉၅၂၀) အိတ်၊ ဧည့်မထ(၁၇၅၀၅၀) အိတ်နှင့် ဆန်ကွဲ (၁၉၉၁

မိတ္ထီလာဈေးကွက်၌ သင်္ကြန်ပြီးကာလ ဧပြီလ တတိယပတ်တွင် ကြက်သွန်နီဈေးနှုန်းများမြင့်တက်လာကြောင်းသိရသည်။ ဆောင်းကြက်သွန်နီနုတ်သိမ်းမှုကြောင့် သီးနှံလှိုင်လှိုင်ထွက်ရှိသောကာလဖြစ်ကာ သင်္ကြန်မတိုင်မီအချိန်၌ ကြက်သွန်နီတောင်သူရောင်းဈေးမှာ တစ်ပိဿာလျှင် ၁၄၀၀ကျပ်မှ ၁၇၀၀ကျပ်ရှိခဲ့ပြီး တောင်သူအများစုမှာ စရိတ်ကျေရုံ သုံးပုံတစ်ပုံသာရောင်း

မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်အတွင်းကျေးရွာများ၌ လယ်ယာလုပ်ငန်းခွင်များရှိ လုပ်သားခများ ဈေးမြင့်လာကြောင်းသိရသည်။ ယခင်နှစ်စိုက်ပျိုးရာသီအစတွင် ကျား/ မ လုပ်သားတစ်ဦးလျှင် နေ့စားခ (၄၀၀၀) ကျပ်ရှိခဲ့ပြီး၊ နောက်ပိုင်းတွင် (၅၀၀၀) ကျပ်သို့မြင့်တက်လာရာ ရာသီကုန်ချိန်တွင် (၆၀၀၀) ကျပ်သို့ ထပ်မံမြင့်တက်လာကြောင်းသိရှိရပါသည်။

၂၈.၄.၂၀၂၄နေ့၊ နံနက် ၀၈း၀၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရွှေမြင့်မိုရ် ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်းမှထားဝယ်ခရိုင်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းသို့ တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပီပါလျှင်
