ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
29 May 2023

    ၂၀၂၃ ခုနှစ် ၊ မေလ စတုတ္ထပတ်ပတ်အတွင်းမိတ္ထီလာမြို့နယ်တွင် အခြေခံစားသောက်ကုန်များဖြစ်သော စိုက်ပျိုးရေးထွက်ကုန် ရွှေဘိုပေါ်ဆန်းအသစ် တစ်ပြည် ၄၀၀၀ ကျပ်နှင့်အဟောင်း တစ်ပြည်လျှင် ၅၀၀၀ ကျပ်၊ ဧမထ တစ်ပြည် ၃၂၀၀ နှင့် ငစိန် တစ်ပြည် ၂၈၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားအုန်းဆီ တစ်ပိဿာလျှင် ၆၄၀၀ကျပ်၊ မြေပဲဆီ တစ်ပိသာလျှင် ၁၄၀၀

29 May 2023

    စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပျော်ဘွယ်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းနှစ်ဦးသည် (၁၈-၅-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁၄း၀၀) နာရီချိန်တွင် ပျော်ဘွယ်မြို့နယ်၊ မုန့်ကြွပ်လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

29 May 2023

           ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော တိုင်ထောင်ပဲကို ရွှေတောင်မြို့နယ်ရှိ မီးလောင်အုပ်စု၊ ဝါးလည်ကျေးရွာတွင် စိုက်ပျိုးထားသဖြင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း များသည် (၂၄.၅.၂၀၂၃) နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ကွင်းဆင်း၍ သွားရောက် လေ့လာခဲ့ ပါသည်။

29 May 2023

    ကယားပြည်နယ်တွင် ဂေါ်ဖီထုပ်များကို လွိုင်ကော်မြို့နယ်ရှိ လင်ဖုံလေးကျေးရွာနှင့် ကုန်းသာကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး၊ ရှမ်းပြည်နယ် ပင်လောင်း၊ တီဂျစ်၊ နောင်တရား ဒေသတို့မှလည်း မှာယူရောင်းချလျက်ရှိပါသည်။

29 May 2023

 မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်တွင် ကွမ်းကို ကိုယ်ပိုင်တစ်နိုင်တစ်ပိုင်အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက် လည်းကောင်း စိုက်ပျိုးကြကြောင်း၊ ကွမ်းကို ဆောင်းစိုက်နှင့်မိုးစိုက်ဟူ၍ နှစ်မျိုးခွဲစိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့်အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

Pages