ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၌ ၂၀၂၄ခုနှစ်၊ မတ်လ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်ခဲ့သော စပါး၊ ဆန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး တင်း(၁၀၀)လျှင် ငွေကျပ်၃၇၀၀၀၀၀၊ ဧရာမင်းစပါး တင်း(၁၀၀)လျှင် ငွေကျပ်၂၅၀၀၀၀၀နှင့် ရွှေဘိုပေါ်ဆန်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၂၅၀၀၀၊ ဧရာမင်းဆန် ၂၄ပြည်ပါတစ်အိတ်လျှင် ငွေကျပ်၁၁၅၀၀၀ဖြင့် အရ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်စည်ဒိုင်များ၏ သီးနှံဈေးနှုန်းများ၊ စပါး/ဆန်ဈေးနှုန်းများနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းစာရင်းများကို အပတ်စဉ်တင်ပြလျက်ရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ယခု၂၀၂၄ခုနှစ်၊ မတ်လမှာ မန်ကျည်းသီးမှည့်များလှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သော်လည်း ယခုနှစ်တွင် မကျည်းသီးအထွက်နှုန်းနည်းသောကြောင့် ဈေးကောင်းရရှိနေကြောင်းသိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရှိ ပဲမျိုးစုံရောင်းဝယ်ရေးပွဲရုံများတွင် ယခု၂၀၂၄ခုနှစ်၊ မတ်လအတွင်း ရောင်းဝယ်နေသော မတ်ပဲဈေးနှုန်းများမှာ ယခင်ဖေဖော်ဝါရီလတွင် ရောင်းဝယ်ခဲ့သော ဈေးနှုန်းများထက် ဈေးကျနေသည်ကိုတွေ့ရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၊ စည်ပင်သာယာဈေးတွင်ရှိသော ချင်းဈေးနှုန်းများမှာ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ချင်း ၁၀ကျပ်သားလျှင် ၈၀၀ကျပ်ရှိခဲ့ပြီး ယခုမတ်လ နောက်ဆုံးပတ်တွင်လည်း ၈၀၀ကျပ်ရှိနေပါသည်။ ချင်းဈေးနှုန်းမှာ ဈေးငြိမ်နေပါသည်။
