ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော အုတ်ပုံ၊ တုတ်ကိုင်း၊ ဓါတ်ကုန်း၊ ကြီးကန်၊ ညောင်ကိုင်စသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံ သီးနှံများအနက် ၂၀၂၃ခုနှစ်၊ မတ်လ(စတုတ္ထပတ်)တွင် ပဲကြီးသီးနှံမှာ (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ် (၁၁၇၀၀၀ မှ ၁၂၀၀၀၀)ရှိခဲ့ရာ ယခုဧပြီလ (ပထမပတ်)တွင် ကျပ်(၁၁၅၅၀၀မှ
မြန်မာ့သနပ်ခါးသည် မြန်မာတစ်မျိုးသားလုံးနှင့် သက်ဆိုင်သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုပင်ဖြစ်သည့်အပြင် အပူပိုင်းဒေသ၏ ရတနာတစ်ပါးလည်းဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် သနပ်ခါးစိုက်ပျိုးမှု ဧရိယာ (၃)သိန်းမှ (၄)သိန်းအကြားရှိသောကြောင့် အပူပိုင်းဒေသ၏ စိမ်းလန်းစိုပြေရေးကိုလည်း တစ်ဖက်တစ်လမ်းမှ များစွာအထောက်အကူပြုလျက်ရှိသည်။
ပြည်ထောင်စုနယ်မြေအတွင်း ခရိုင်(၄)ခု၊ မြို့နယ်(၈)မြို့နယ်ရှိရာ မြို့နယ်အားလုံးမှ မန်ကျည်းထွက်ရှိပါသည်။ မန်ကျည်းထွက်ရှိမှုအနေဖြင့် နှစ်စဉ်ပိဿာချိန် သိန်း(၈၀)အထက်တွင် ရှိနေပြီး ရောင်းဝယ်မှုအနေအထား အကောင်းဆုံးအခြေအနေကို တပ်ကုန်း မြို့နယ်တွင် တွေ့ရှိရပါသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ နွေကြက်သွန်နီစိုက် တောင်သူများ ယခုလက်ရှိပေါက်စျေးအရ စျေးကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
ချောက်မြို့နယ်တွင် မြို့နယ်လူဦးရေအတွက် အဓိကလိုအပ်သော စားသောက်ကုန်များကို နီးစပ်ရာမြို့များဖြစ်သည့် ဆိပ်ဖြူ၊ တညောင်၊ စလင်း၊ ဆင်ဖြူကျွန်းမြို့များနှင့် ရှမ်းပြည်နယ် အောင်ပန်း၊ တောင်ကြီးတို့မှ မှာယူရောင်းဝယ်စားသုံးကြကြောင်း သိရှိရပါသည်။