ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်သော ရေစကြို၊ ပေါက်၊ ကမ္မ၊ ရေပြာနယ်များမှ ဆောင်စိုက်ပင်စိုက်ကြက်သွန်နီများ အရောင်းအဝယ်ဖြစ်လျက်ရှိနေပါသည်။ ပခုက္ကူမြို့နယ်ကြက်သွန်နီ စိုက်ပျိုးရာဒေသများသာမက အခြားမြို့နယ်များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေကြောင်း ကြက်သွန်န
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံရောင်းဝယ်ရေး ဈေးကွက်သို့ ပြည်တွင်းစားသုံးမှု ပိုမိုမြင့်မားလျက်ရှိသည့် ကုလားပဲများ ဈေးကွက်သို့ နေ့စဉ်ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄ခုနှစ်တွင် ဒေသတွင်းသီးနှံပေါ်ချိန် ဖေဖော်ဝါရီလကုန် မတ်လမှစ၍ ဇူလိုင်လကုန်ထိ ကုလားပဲဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာများ၌ မုန်းချောင်းရေကို အမှီပြု၍ ရုံးပတီသီးနှင့် အခြားဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စားသုံးရန်နှင့် ရောင်းချရန်အတွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး မျိုးအနေဖြင့် စိုက်ပျိုးရေးဆေးဆိုင်များမှ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြေပဲသီးနှံ(မြေပဲလုံးဆံဖြူ၊ မြေပဲ လုံးဆံနီ၊ မြေပြန့်လုံးဆံ)တို့ကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အဓိကစိုက်ပျိုးပြီး တစ်ရက်လျှင် အိတ်ရေ(၈၀)မှ(၁၂၀)ထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့တွင် ကုန်ခြောက်နှင့် ကုန်စိမ်းသီးနှံအစုံ ရောင်းချပြီး မိသားစု စားဝတ်နေရေးအတွက် ဝင်ငွေရှာသည့်လုပ်ငန်းကို လုပ်ကိုင်ရောင်းချလျက်ရှိကာ ကုန်စိမ်းသီးနှံများအား ရာသီအလိုက် ပေါ်ပင်သီးနှံများကို နေရာဒေသမရွေး ဖောက်သည်ယူ၍ ပေါ်ဦးပေါ်ဖျားမှ သီးနှံတုန်းသည်အထိ ရောင်းချကြောင်းသိရပါသည်။