ပြည်တွင်းကုန်သွယ်မှုသတင်းများ
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
၂၀ .၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တာဝန်ခံဦးဆန်းလင်းမောင် (ဦးစီးမှူး)နှင့်အဖွဲ့သည် (၁၄.၂.၂၀၂၃)ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် နွယ်တမယ်ကျေးရွာရှိ ပံပြောင်းစိုက်ပျိုးသော တောင်သူဦးအေးဝင်းထွန်းနှင့် တွေ့ဆုံ၍စိုက်ပျိုးထုတ်လုပ်မှု ရောင်းဝယ်ဖောက်ကားမှု အခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။<
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထားစိုက်ပျိုးလျက်ရှိသည့်တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင်ရှိပြီး တစ်နှစ်စာအတွက် ပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန်ရှိကြောင်းသိရှိရသည်။
တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသောတိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပါသည်။တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့တွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ်နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၃၆၀ဝိ/-)ကျပ်နှုန်း