ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကြာခင်အချိန်တွင် ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါကာလသို့ ရောက်ရှိတော့မည်ဖြစ်သဖြင့် အရောင်းရအသွက်ဆုံး ကုန်ပစ္စည်းများထဲတွင် ဖယောင်းတိုင်နှင့် ဆီမီးခွက်လည်းအပါအဝင်ဖြစ်ပါသည်။ ပြည်ဈေးကွက်တွင် အရောင်းရအသွက်ဆုံးဖယောင်းတိုင်များမှာ ဓါတု၊ ဘိုးဘိုးအောင်၊ စွမ်းအားရှင်၊ ကရဝိတ်၊ မြင်းကျား နှင့်ထွန်းလပြည့် စသည့်တံဆိပ်များမှာ အရောင်
ပြည်ဈေးကွက်တွင် ဩဇာသီးများ အောက်တိုဘာလဆန်းတွင် ရောင်းအားသွက်လျက်ရှိပါသည်။ တော်သလင်းလဆန်းပိုင်းတွင် ဩဇာသီးများစတင်ထွက်ပေါ်လာပြီး အောက်တိုဘာလတွင် အထွက်နည်းသွားသော်လည်း ဝါကျွတ်ကာလ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲများတွင် ဆက် ကပ်လှူဒါန်းရန်အတွက်နှင့် အိမ်ပြန်လက်ဆောင်များအဖြစ် ဝယ်ယူကြသဖြင့် ဩဇာသီးဈေးများမြင့်တက်လာသည်ကို တွေ့ရှိရပါ
ပြည်ဈေးကွက်သို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နေ့စဉ်ပုံမှန်ဝင်ရောက်လျက်ရှိနေပြီး ဝယ်လိုအားကောင်းလာသဖြင့် ဈေးအနည်းငယ်မြင့်တက်လာကြောင်း တွေ့ရှိရပါသည်။ အောက်တိုဘာလဆန်းပိုင်းတွင် နနွင်းဈေးမှာ အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ကျပ်၊ အတက်အသေး တစ်ပိဿာလျှင် ၄၅၀၀ကျပ်ဖြင့် ယခင် စက်တင်ဘာလ တတိယပတ်ထက်စာလျှင် တစ်ပိဿာလျှင် ၅၀၀ကျပ်
ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးတွင် ရောင်းချနေသော ငါးခြောက်များကို ရခိုင် ပြည်နယ်၊ တောင်ကုတ်မြို့မှ အများဆုံးဝင်ရောက်လာပြီး၊ ပုသိမ်ဘက်မှဝင်ရောက်လာသော ငါးခြောက်များလည်းရှိကြောင်း သိရှိရပါသည်။ ဈေးကွက်တွင်ရောင်းချလျက်ရှိသော ငါးခြောက် ဈေးများ အနေဖြင့် ငါနီတူ(အသေး)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ငါးနီတူ(အကြီး)တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ
ပြည်ဈေးကွက်အတွင်း ယခုအပတ်တွင် မတ်ပဲသီးနှံဈေးနှုန်းများ ပြန်လည်ကျဆင်းခဲ့သောကြောင့် ပိဿာ(၂၀)တစ်တင်းလျှင် (၆)သောင်းကျပ်အောက်အထိ ဈေးလျော့သွားခဲ့ပါသည်။ အဝင်နည်းသော်လည်း လက်ကျန်ပဲများရှိခဲ့၍ ရန်ကုန်ဝယ်လက်အပေါ်မူတည်၍ တစ်ရက်အိတ် ၂၀၀/ ၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင်လက မတ်ပဲသီးနှံဈေးနှုန်းများ တစ်တင်းလျှင် ကျပ် (၇)သောင်းနီး