ပြည်တွင်းကုန်သွယ်မှုသတင်းများ
စက်တင်ဘာလ ဒုတိယအပတ်တွင် မကွေးမြို့၊ မြို့မစျေး၌ ကြက်သွန်နီစျေးနှုန်းများ မြင့်တက်လာကြောင်း စျေးဆိုင်များ ကွင်းဆင်းမေးမြန်းမှုအရ သိရပါသည်။ စက်တင်ဘာလ ပထမအပတ်တွင် ကြက်သွန်နီ (၁)ပိဿာလျှင် (၃၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ရာမှ စက်တင်ဘာလ ဒုတိယအပတ် တွင် ကြက်သွန်နီ အမျိုးအစားနှင့် အရည်အသွေးပေါ်မူတည်ပြီး (၁)ပိဿာလျှင် (၃၆၀၀)ကျပ်
ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်ကြသော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်)များ အရောင်းအဝယ် ဖြစ်နေပြီး ပခုက္ကူကြက်သွန်နီအဝယ်ဒိုင်သို့ အခြားနယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ် များမှလည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေပါသည်။ စက်တင်ဘာလ ဒုတိယပတ်၏ ကြက်သွန်နီ လ
ပခုက္ကူမြို့မဈေး၊ ဈေးကွက်သို့ရှမ်းပြည်(အောင်ပန်း)နှင့် တရုတ်နိုင်ငံ(ပြည်ပ)မှ တင်သွင်းသောအာလူးများ မန္တလေးမြို့မှတစ်ဆင့် ပခုက္ကူမြို့သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ ယခု (၁)ပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူးဈေးနှုန်းများမှာ (၁)ပိဿာလျှင် လက်လီဈေး (၂၃၀၀/ ၂၂၀၀)ကျပ် ဈေးနှုန်းရှိပြီး ယခင်(၁)ပတ်ဈေးနှုန်းမှာ အာလူး(၁)ပိဿာလျှင် လက်
ဆိပ်ဖြူကုန်စည်ဒိုင်သို့ စက်တင်ဘာလ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီပင်စိုက်အသစ်များ ဆိပ်ဖြူမြို့နယ်ဒေသတွင်း နေရာအနှံ့အပြားမှ နေ့စဉ်ဝင်ရောက်လျက်ရှိပါသည်။ တစ်ရက်လျှင် ပျမ်းမျှ ကြက်သွန်နီ ကုန်ချိန်ပိဿာ(၂)သောင်းခန့် (၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၁)သိန်းခွဲခန့် ကုန်စည်ဒိုင်သို့ ဝင်ရောက်လျက်ရှိပြီး မြို့ပေါ်ရှိ ကြက်သွန်ကုန်သည် သိုလှော
ယခုတစ်ပတ်တွင် ပခုက္ကူကုန်စည်ဒိုင်တွင်အညာဒေသ၏ အဓိကစိုက်ပျိုးသီးနှံများဖြစ်ကြသော ပဲစဉ်းငုံနီ၊ ပဲတီစိမ်းအမျိူးမျိုး၊ ကုလား ပဲမျိုးစုံနှင့်နှမ်းမျိုးစုံတို့ ဥပုသ်နေ့မှလွဲ၍ နေ့စဉ် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ စက်တင်ဘာလဒုတိယပတ်တွင် ပခုက္ကူကုန်စည်ဒိုင်၌ အညာဒေသထွက် ပဲတီစိမ်းသေး(ပဲနောက်)မှာ အရည်အသွေးကိုလိုက်၍ တစ်တင်း လျှင် ၄၆၀၀၀ မ