ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ဒေသတွင် ယခုလို မိုးတွင်းကာလဖြစ်သော ဩဂုတ်လတွင် ကတွတ်သီးများစတင်၍ ဈေးကွက်သို့ ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ကတွတ်သီးများကို ပြည်မြို့နယ်အတွင်းရှိ ပျဉ်းပင်ကိုင်းနှင့် သဇင်လှဘက် ကတွတ်ပင်မှ ကတွတ်သီးများ ထွက်ပေါ် လာသဖြင့် ပြည်မြို့ရှိ ဈေးများသို့လာရောက်ရောင်းချလျှက်ရှိပြီး ကတွတ်ယိုရောင်းချသူများနှင့် အိမ်တွင် သရေစာအဖြစ်
ပြည်ဈေးကွက်သို့ ယခု ဩဂုတ်လ အတွင်းတွင် ဩဇာသီးများစတင်ဝင်ရောက်လာပြီး အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဩဇာသီးများကို ပန်းတောင်းမြို့နယ်ဘက်ရှိ ကျေးရွာများဖြစ်သော ဗြူးကုန်းရွာ၊ ရွှေဘုံသာရွာ၊ ညောင်ပင်သာရွာ၊ ရွာသစ်ရွာနှင့် သစ်စိမ့်ပင်ကျေးရွာများမှ ဝင်ရောက်မှုရှိသလို ပြည်မြို့နယ်အတွင်းရှိ မှော်ဇာနှင့် တောင်လုံးညိုကျေးရွာတို့မှ လ
ပြည်ဈေးကွက်သို့ ဩဂုတ်လ စတုတ္ထပတ်တွင် မြန်အောင်၊ ကြံခင်း၊ မိုးညို၊ ကြို့ပင်ကောက်၊ ပန်းတောင်း၊ ဥသျှစ်ပင်နှင့် ပေါက်ခေါင်းဘက်မှ နေ့စဉ်ဝင်ရောက်မှုရှိသဖြင့် အရောင်းအဝယ် ပုံမှန်ဖြစ်လျှက်ရှိပါသည်။ နှမ်းအထွက်လှိုင်လာချိန်ဖြစ်သဖြင့် နေ့စဉ်ဝင်ရောက်မှုမှာ နှမ်းအိတ် (၁၀၀၀)ခန့် ဝင်ရောက်မှုရှိသည်ကို တွေ့ရှိရပါသည်။ အရောင်းအဝယ်ဖြစ်မှ
ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခုဩဂုတ်လ စတုတ္ထပတ်တွင် ဈေးငြိမ်နေသည်ကို တွေ့ရှိ ရပါသည်။ ပြည်-အောင်ကြားရှိကျေးရွာများမှ နေ့စဉ်အဝင်ရှိသလို ဝက်ထီးကန်နှင့် ရွှေတောင် ဘက်မှလည်း နေ့စဉ်အဝင်ရှိသဖြင့် တစ်နေ့လျှင် မြေပဲဆန်အိတ် ၁၀၀၀ခန့်ဝင်ရောက်မှုရှိပါသည်။ ဝင်ရောက်လာသောမြေပဲဆန်များမှ လုံးဆန်ကိုမြဝတီဝယ်လက်များက အဝယ်ရှိသလို ဆီဆန်ကို
ပြည်ပဲမျိုးစုံ ဈေးကွက်တွင် ပြည်ပဝယ်လက်ပဲများ ဈေးပြန်လည်မြင့်တက်လာခဲ့သောကြောင့် မတ်ပဲနှင့် ပဲစင်းငုံသီးနှံများမှာ ကျပ် ၆သောင်းကျော်အထိ ဈေးမြင့်လာခဲ့ကြပါသည်။ ဩဂုတ်လ ဆန်း ရက်က မတ်ပဲနှင့် ပဲစင်းငုံသီးနှံဈေးမှာ ကျပ် ၆သောင်းအောက်သာရှိခဲ့ပြီး မတ်ပဲ ဈေးနှုန်းသည် ပဲစင်းငုံဈေးထက် ဈေးပိုနေသော်လည်း ယခုရက်ပိုင်းတွင် ပဲစင်းငုံဈေးနှု