ပြည်တွင်းကုန်သွယ်မှုသတင်းများ
ရေတာရှည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ်မှ ဌာနဆိုင်ရာများသည် အဖွဲ့များခွဲ၍ ဇူလိုင်လအတွင်း မိုးရွာသွန်းမှုအလွန်နည်းပါးခြင်းကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးမှုနှင့်ပြန်လည်ပြုပြင်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည် တစ်မျိုးဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန် သည့် ပဲပြုတ်ကိုတော့ လွယ်လွယ်ကူကူနှင့်မရပါ။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ချောင်းဖြူကျေးရွာအုပ်စု၊ ထန်းကိုင်း ကျေးရွာ၏ မြောက်ဘက် ငဖဲ-စေတုတ္တရာကားလမ်းဘေးရှိ ကိုင်းမြေတွင် မြေအောက်ရေကို အသုံးပြု၍ နဂါးမောက်ပင်များကို စိုက်ပျိုးရာတွင် အသီးများအောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်း ရရှိသဖြင့် ဝင်ငွေကောင်းလျက်ရှိကြောင်း သိရှိရပါသည်။
တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ်မိုးစပါးကာလတွင် ၈၉၁၈၄ ဧက စိုက်ပျိုး ရန် လျာထားလျက်ရှိရာ ဇူလိုင်လကုန်တွင် လျာထားချက်အတိုင်း စိုက်ပျိုးပြီးစီးသွားပြီး ဖြစ်ပါသည်။
မကွေးကုန်စည်ဒိုင်တွင် ဩဂုတ်လ ပထမအပတ်အတွင်း ပဲမျိုးစုံစျေးနှုန်းမြင့်တက်လာကြောင်း သိရပါသည်။ ကုလားပဲကြီး (929) (၁၉) ပိဿာ တစ်တင်းလျှင် (၅၀၂၀၀ဝိ/-)၊ ကုလားပဲ လုံးသေးတစ်တင်းလျှင် (၄၈၀၀ဝိ/-)၊ ကုလားပဲ(HL)တစ်တင်းလျှင် (၄၉၃၀ဝိ/-)၊ ထောပတ်ပဲ တစ်တင်းလျှင် (၄၅၅၀ဝိ/-)နှင့် ပဲစဉ်းငုံနီ(၂၀)ပိဿာတစ်တင်းလျှင် (၅၀၀၀ဝိ/-)၊ စားတော်ပဲ တစ်တင