ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
15 Mar 2022

စားသုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ ၏ အပတ်စဉ် ရည်ညွှန်းဈေးနှုန်း(၁၄.၃.၂၀၂၂) ရက်နေ့မှ (၂၀.၃.၂၀၂၂) ရက်နေ့အထိ-

-

 

 

14 Mar 2022

           မော်လမြိုင်မြို့၌ ယခုမတ်လဒုတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်းသိရှိရသည်။ ဈေးကွက်ထဲအရောင်းအဝယ်ပုံမှန်ဖြစ်နေတဲ့ဈေးမှာ  ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ) ကျပ်၁၀၃၀၀၊ ဆင်(ထိုင်း) ကျပ် ၁၀၅၀၀၊ ကြံ့တံဆိပ်(အဝါ) ကျပ်၉၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရသည်။

14 Mar 2022

           မွန်ပြည်နယ်သည် နေလှန်းဆား ထုတ်လုပ်ထွက်ရှိသော ပြည်နယ်တစ်ခုဖြစ်ရာ အဆိုပါ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် အဓိကထုတ်လုပ်ကြပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိကြောင်း သိရှိရသည်။ ထွက်ရှိသော ဆားများကို ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့ကို တင်ပို့ရောင်းချကြောင်း သိရှိရသည်။

14 Mar 2022

          ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွမြို့နယ်များအတွင်းတွင် ပဲတီ ရွှေဝါနှင့် ရေဆင်းမျိုးများ မတ်လဆန်းမှစ၍ ဈေးနှုန်းများမြင့်တက်လာနေကြောင်း ပဲစိုက်တောင်သူများထံမှ သိရသည်။

14 Mar 2022

            စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးသည် “မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း”နှင့် ပူးပေါင်း၍ (၃.၃.၂၀၂၂) ရက်နေ့မှ (၇.၃.၂၀၂၂) ရက်နေ့အထိ အရှေ့ပိုင်းခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ ရာသက်ပန်ကုန်အမှတ်တံဆိပ်ဆီဘူးများကို ဈေးနှုန်း

Pages