ပြည်တွင်းကုန်သွယ်မှုသတင်းများ
စက်မှုလယ်ယာဦးစီးဌာနသည် စပါးစိုက်ပျိုးချိန်တွင် လုပ်သားအခက်အခဲကြောင့် တောင်သူလယ်သမားများ စိုက်ပျိုးချိန်နောက်ကျမှုမဖြစ်စေရေးအတွက် 10-Raws Seeder (မျိုးစေ့ချစက်)ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကို လက်တွေ့သရုပ်ပြဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့တွင် အုတ်တွင်းမြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာရှိ တောင်သူလယ်သမားကြီး ဦးအ
တောင်ငူမြို့၊ ထီးလှိုင်ရပ်ကွက်တွင်ရှိသော ပြည့်ဖြိုးကျော်အမှတ်တံဆိပ် ပေါင်မုန့်ကြော်လုပ်ငန်းတွင် ပေါင်မုန့်ကြော်ပြုလုပ်ရန်အတွက် လိုအပ်သောကုန်ကြမ်းပစ္စည်းများမှာ ဂျုံ၊ သကြား၊ ကြက်ဥ၊ ပွဆေး၊ ဆားနှင့် ဆီတို့ဖြစ်ကြောင်းသိရပါသည်။
သထုံခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇွန်လ၏ နောက်ဆုံးအပတ်တွင် စပါး၊ ဆန်ဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လျက်ရှိခဲ့ပါသည်။ သထုံခရိုင်အတွင်းမှ အခြားတိုင်းဒေသကြီးနှင့် အခြားခရိုင်မြို့နယ်များသို့ ဆန်စီးထွက်မှုနှုန်းမှာ မော်လမြိုင်ခရိုင်သို့ (၃၀၀၀) အိတ်ခန့်၊ ကရင်ပြည်နယ်သို့ (၂၀၀၀) အိတ်ခန့်၊ စုစုပေါင်း(၅၀၀၀) အိတ်ခန့်၊ တန်ချိန်အ
မော်လမြိုင်ဒေသထွက် ရင်ကွဲသရက်သီးများ ဈေးကောင်းရရှိနေသည်။ သရက်သီးမျိုးနွယ် (၁၂၅) မျိုးအနက် ရင်ကွဲသရက်သီးမှာ လူကြိုက်အများဆုံးနှင့် အသီးထွက်အကောင်းဆုံးဖြစ်သော သရက်မျိုးဖြစ်သည်။ ယခင်မေလနှင့် ဇွန်လတွင် ရင်ကွဲသရက်သီး လှိုင်လှိုင်ထွက်ရှိခဲ့သည်။
မွန်ပြည်နယ်ဒေသတွင် ယခု (ဇူလိုင်လ) မိုးရာသီသည် ကွမ်းသီးစတင်သီးချိန်ကာလဖြစ်သည်။ ကွမ်းသီးကိုအနုနှင့် ကွမ်းသီးအရင့်(၂)ဟူ၍ခွဲခြား၍ အရောင်းအဝယ်ရှိသည်။ ကွမ်းသီးနုကို ဈေးကောင်းပေးဝယ်လျက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကွမ်းသီးနုများကို ကွမ်းယာအစားထိုး (ကွမ်းပေါင်း)ပြုလုပ်၍ ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းဝယ်မှုတွေ့ရှိရသည်။ ကွမ်းသီးအရင့်