ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရွှေလံဗိုလ်ငရုတ်သီး ( ဒေသအခေါ် ) စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် စိုက်ပျိုးသော နာနတ်သီးများ နှစ်စဉ် အခြားမြို့များသို့ တင်ပို့ကာ ဈေးကွက်အတွင်း ဈေးကောင်းရရှိကာ နာနတ်သီးစိုက်ခင်း ပိုင်ရှင်များအနေဖြင့် မိသားစု အပိုဝင်ငွေများ ရရှိနေကြောင်း သိရသည်။
ကသာခရိုင်အတွင်းသို့ ယခုတစ်ပတ်အတွင်း ကြက်သွန်နီဝင်ရောက်မှုအနေဖြင့် မန္တလေး၊ မုံရွာ ဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့်နှင့် ခင်ဦး၊ ရေဦးဘက်မှ (၃၅)ပိဿာပါ အိတ် (၁၀၀)ခန့် ဝင်ရောက်လျက်ရှိကြောင်း ကြက်သွန်နီရောင်းချသူကုန်သည်များထံမှ သိရှိရသည်။
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ နောက်ဆုံးပတ်တွင် စပါး ဈေးနှုန်း အနည်းငယ်မြင့်တက်၍ ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ စတုတ္ထပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၀၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၅၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၇၀၀၀၊
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထက်ပုဇွန်တောင်လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ကြက်/ဘဲဈေးဒိုင်မှ စားသုံးသူပြည်သူများ လွယ်ကူစွာဝယ်ယူစားသုံးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းများသို့ ကြက်/ ဘဲများကို နေ့စဉ် လက်လီ/လက်ကားဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။