ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Feb 2025

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များအပြင် အခြားဒေသမှဝင် ရောက်သည့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

21 Feb 2025

ကန့်ဘလူမြို့၊ မြို့မစည်ပင်သာယာဈေး ကွက်အတွင်း ငရုပ်သီးခြောက်၊ အာလူး နှင့် ကြက်သွန်ဖြူ တို့ကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့် မန္တလေးတိုင်းဒေသကြီးတို့မှ အများဆုံးမှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

21 Feb 2025

          ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံ ဖြစ်သည့် ရုံးပတီသီးများကိုလည်း တစ်ပိုင် တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး ကန့်ဘလူမြို့မဈေးသို့ ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

21 Feb 2025

ရက်စွဲ ၊ ၁၉.၂.၂၀၂၅

          ကလေးမြို့နယ်၌ မျောက်ငိုသီးများကို အအေးပိုင်းဒေသဖြစ်သည့် တောင်ပေါ် ချင်းတောင် ဒေသမှ ဒီဇင်ဘာလပိုင်းတွင် စတင်ပေါ်ထွက်လာပြီး တမူးနယ်စပ်နန်းဖာလုံဈေးသို့ တင်ပို့ ရောင်းချ ကြကြောင်း သိရသည်။

Pages