ပြည်တွင်းကုန်သွယ်မှုသတင်းများ
နတ်တလင်းခရိုင် ၊ နတ်တလင်းမြို့ ၊ မြို့မဈေး၊ အာရုံဈေးနှင့် ညဈေးတို့တွင် ငါးကြင်း ၊ ငါးခူ၊ ငါးရံ့ ၊ ငါးဇရိုင်းစသည့် ငါးများကိုရောင်းချလျက်ရှိပါသည်။

နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အိမ်တိုင်းလိုလိုတွင် နှစ်ရှည်ပင် မကျည်းသီးပင်များ စိုက်ပျိုးကြပါသည်။ ယခုအခါ ရာသီပေါ် မကျည်းသီးမှည့်ရည့်မှည့်ချိန် ဖြစ်ပါသည်။ မန်ကျည်းသီးမှည့် သည်အပူဒဏ်ကို ကောင်းစွာခံနိုင်ပြီး အပူကိုအကြောင်းပြုဖြစ် သောရောဂါများ အပူလွန်များ အတွက် အကိုးအားထားပြုရသော ဆေးဖက်ဝင် အစာအဟာရ တစ်မျိုးလည်း ဖြစ်ပါသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အိမ်ရှင်မများ ချက်ပြုတ်ရာ မီးဖိုချောင် အသုံးပြုသည့် လောင်စာများဖြစ်သည့် ထင်း၊ မီးသွေး ၊ လွှစာများကို စိုစွတ် သည့်မိုးရာသီတွင် အသုံးပြုလုပ်ရန် အတွက် ယခုလိုခြောက်သွေ့ရာသီတွင် ဝယ်ယူ စုဆောင်း ကြောင်းသိရပါသည်။

နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းသို့ ဖရဲသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိပြီး ဖရဲသီးကို လူတိုင်းနီးပါး ကြိုက်နှစ်သက် သည့်အတွက် နေရာဒေသအလိုက် အရာင်းအဝယ်ဖြစ် လျက်ရှိပါသည်။ ဆောင်းအကုန် နွေအကူးတွင် ဖရဲသီးများ ထွက်ရှိပြီးရေဓာတ် ဖြည့်တင်းပေးသည့် အသီးဖြစ်သည့် အတွက် နွေရာသီရာသီနှင့် လိုက်ဖက်သည့် အသီးတစ်မျိုးလည်း ဖြစ်ပါသည်

ကြက်သွန်ဖြူ တစ်ပိဿာလျှင် ယခင်နှစ်က (၁၈၀၀၀ - ၂၀၀၀၀) ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် တစ်ပိဿာလျှင် (၁၅၀၀၀ -၁၆၀၀၀ -၁၈၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီး၊အောင်ပန်းမှ ပုံမှန်အဝင်ရှိနေပြီး ဒေသတွင်းအရောင်းအဝယ်မှာလည်း ပုံမှန်ဖြစ်သည့်အတွက် ဈေးငြိမ်နေလျက် ရှိပါသည်။
