ပြည်တွင်းကုန်သွယ်မှုသတင်းများ
Powered by Drupal
16 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများ နှင့် ရပ်ကွက်များတွင် မိမိတို့နေအိမ်ခြံဝင်းစည်းရိုးများနှင့် လယ်ယာမြေများပေါ်တွင် အရိပ်ရစေရန် အတွက် စိုက်ပျိုးကြသလို အလေ့ကျပေါက်ရောက်သည့် အပင်များလည်းရှိကြရာမှ ယခုအခါတွင် မန်ကျည်းသီးအမှည့်များကို ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ် ဖြစ်လျက် ရှိကြောင်းသိရသည်။

16 Jul 2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့တွင် မိသားစုစားဝတ်နေရေးအတွက် သစ်သီးမျိုးစုံဖြစ်သည့် နာနတ်သီး၊ နဂါးမောက်သီး၊ သရက်သီး၊ ငှက်ပျောသီး၊ စပျစ်သီး၊ သခွားမွှေးသီး၊ ကျောက်သခွားမွှေးသီး၊ ပန်းသီး၊ ပန်းသစ်တော်သီး၊ မင်းဂွတ်သီး၊ ဒိန်ညှင်းသီး နှင့် ဖရဲသီးများကို မန္တလေးမြို့ နှင့် လားရှိုးမြို့တို့မှ မှာယူ ရောင်းချလျက် ရှိ ကြောင်းသိရ သည်။

16 Jul 2025
ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်များနှင့် ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စားဖိုဆောင်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ကြက်ဟင်းခါးသီး၊ ရုံးပတီသီး၊ ပဲတောင့်ရှည်သီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီး တို့ကို စိုက်ပျိုးသည့်အနက် ဗုံလုံသီး (ခေါ်)ပဲလင်းမြွှေသီးများကို စိုက်ပျိုးကြပြီး ကျွန်

16 Jul 2025
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များမှ မိမိတို့တောင်ယာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ နေကြာ စသည့်တို့အနက်မှ စွန်တာနီပဲ(ခေါ်)ပဲနီ နှင့် စားတော်ပဲတို့ကိုလည်း ကန့်ဘလူမြို့ပွဲရုံများနှင့်ကျွန်းလှမြို့ပေါ်ဈေးကွက်သို့ လာရောက်ရောင်းချကာ ဈေးကောင်ရရှိ၍ အရောင်းအဝယ် ဖြစ်လျက

16 Jul 2025
ကျွန်းလှမြို့ ရာသီအရွေး ရောင်းချရန် ပဲတီစိမ်းကို ပဲတီပင် ပေါက်ဖောက်၍ ရောင်းချလျက်ရှိပြီး ပဲတီပင်ပေါက်သည် အဟာရဓါတ်ပြည့်ဝကာ ကျန်းမာရေးအတွက် အထောက်အကူပြုသော အစား အစာဖြင်သည်။ ပဲတီပင်ပေါက်သည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ တာမင်စီ ပါဝင်သောကြောင့် အရေပြားကျန်းမာရေးကို အထောက်အကူပြုခြင်း၊ အမျှင်ဓါတ်နှင့်ပရိုတင်းဓါတ်ပါဝင်သောကြောင့် သွေးတွင်းသကြား
