ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်သို့ မြေပဲသီးနှံ (မြေပဲလုံးဆန်ဖြူ၊ မြေပဲလုံးဆန်နီ၊ မြေပြန့်လုံးဆန်)တို့ကို မကွေးမြို့နယ်အတွင်းရှိ ကျေးရွာအများစုတွင် အဓိကစိုက်ပျိုးပြီး တစ်ရက်လျှင် အိတ်ရေ(၁၅၀)မှ (၃၀၀)ထိအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကုန်စိမ်းသီးနှံဈေးကွက်သို့ စားဖိုဆောင်သီးနှံဖြစ်သည့် အာလူးကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အာလူးကို ဆင်ဖြူကျွန်းမြို့မှ စိုက်ပျိုးထွက်ရှိသော်လည်း အာလူးထွက်ပေါ်ချိန်မဟုတ်သည့်အတွက် အခြားဒေသထွက်အာလူးများကိုသာ ဈေးကွက်အတွင်း ရောင်းချကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ လယ်ယား၊ ပေါက်တော၊ ကိုးပင်ကွေ့ကျေးရွာများတွင် သီးနှံမျိုးစုံကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးဖြူကို စိုက်ဧက (၁၂၀)ခန့်စိုက်ပျိုးထားကြောင်းသိရသည်။

14 Nov 2024

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ စစ်တလင်းအုပ်စု၊ ကွင်းကျေးရွာသည် နှမ်း၊ မြေပဲ၊ ပြောင်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံ စသည့်သီးနှံများကို ရာသီအလိုက် နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ကြက်သွန်နီကို ဥစိုက်နှင့် ပင်စိုက်ဟူ၍စိုက်ပျိုးကြပြီး ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ကြက်သွန်နီ(ဥစိုက်) စိုက်ဧက (၁၀၀)ခန့်

Pages