ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ လေးကြီးကျေးရွာတွင် သခွားသီးများစိုက်ပျိုးထားရှိသဖြင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်၊ အထွက်နှုန်းနှင့် အကျိုးအမြတ်များအား သိရှိနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာ၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ကွင်းဆင်းလေ့လာခဲ့ကြပါသည်။

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ၊ ဦးအေးကျော် (အောင်ဆုရည်) မျှစ်လုပ်ငန်းအနေဖြင့် ယခုနှစ်တွင် သရက်ချဉ်လုပ်ငန်းများ စမ်းသပ်လုပ်ကိုင်နေသည်ဟုသိရှိရပါသဖြင့် သရက်ချဉ်ပြုလုပ်ပုံအဆင့်ဆင့်အားသိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ရာ သရက်ချဉ်ပြုလုပ်ရန်အတွက် ကုန်ကြမ်းအဖြစ် သရက်သီးကို ပေါက်ခေါင်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာ

တောင်ငူခရိုင်၊ ဖြူးမြို့၊ ထန်းကုန်းရပ်ကွက်မှ ခြင်္သေ့မင်းအမှတ်တံဆိပ် မြေပဲယိုသည် လူကြိုက်များသော ဒေသထွက်လက်ဆောင်တစ်ခုဖြစ်ပါသည်။ ၎င်းမြေပဲယိုလုပ်ငန်းသည် လွန်ခဲ့သော ၄၅နှစ်ခန့် ၁၉၇၈ခုနှစ်မှစတင်ခဲ့ပြီး ထိုစဉ်က ဖြူးဈေးအတွင်း အလေးချိန်ဖြင့်ရောင်းချရာမှ လက်ရှိကာလအထိ ထုပ်ပိုးမှုအဆင့်ဆင့်ဖြင့်ရောင်းချရင်း လူသိများ ဈေးကွက်ရှိနေသော

မိုးကျလာသည်နှင့်တစ်ပြိုင်နက် ဖလောင်တောင်ဝှေးအစို့ကလေးများထွက်ပေါ်လာပြီဖြစ်သည်။ ဖလောင်တောင်ဝှေးဆိုသည်နှင့် မိုးရာသီနှင့်လိုက်ဖက်သော ဟင်းလျာများအနက် တစ်ခု အပါအဝင်အဖြစ် သတ်မှတ်ထားကြလျက်ရှိသည်။ ဖလောင်တောင်ဝှေးသည် မြန်မာတို့ ထမင်းဝိုင်းတွင် ဟင်းကောင်းတစ်ခွက်အဖြစ်ပါဝင်ရုံသာမက ဆေးစွမ်းကောင်းတစ်လက်လည်းဖြစ်သည်။

မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ရအောင် ဆီထွက် သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) တို့အား အဓိကစိုက်ပျိုးလျက်ရှိရာ မကွေးခရိုင်အတွင်းရှိ (မကွေး/ တောင်တွင်းကြီး/ နတ်မောက်နှင့် မြို့သစ်) မြို့နယ်များတွင် ဆီထွက်သီးနှံ (နှမ်းမျိုးစုံ)အား ဒေသ တွင်း စားသုံးဆီဖူလုံစေရေးတိုးချဲ့စိုက်ပျိုးလျက်ရှိပါသည်။
