ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၏ မြေဩဇာကောင်းမွန်သော နှုန်းမြေပေါ်တွင် ငရုတ်သီးစိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ဟင်းခတ်အမွှေးအကြိုင်သီးနှံတွင် မပါမဖြစ်သုံးစွဲနေသောငရုတ်သီး ကို ပြည်ပသို့တင်ပို့ရန်နှင့် ပြည်တွင်းသုံးစွဲရန် ယခုနှစ်ဆောင်းရာသီတွင် စိုက်ဧက( ၄၈၃ ) ဧကဝန်းကျင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ပိုးစုကြီးအုပ်စု၊ ချင်းရွာကြီးကျေးရွာ၌ မတ်ပဲရိတ်သိမ်းမှုအခြေအနေများကို (၂၀.၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံ ဦးကျော်နိုင်ဝင်းမှ ကွင်းဆင်းလေ့လာခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်ကြပြီး ဆောင်းသီးနှံ ပဲမျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိပါသည်။ အင်္ဂပူမြို့နယ် အတွင်း ပဲလွန်းစိုက်ဧက (၈၉၇၈ ဧက) စိုက်ပျိုးထားပြီး ခူးဆွတ်ချိန်တွင် သုံးသီးခန့်ခူးဆွတ်နိုင်ပါသည်။ တစ်ဧကလျှင် စိုက်ပျိုးမြေအနေအထား၊

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မိသားစုနေ့စဉ်ဝင်ငွေအတွက် သော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း သင်ဖြူးဖျာလုပ်ငန်းလုပ်ကိုင်သူ အများအပြား ရှိကြပါသည်။ သင်ဖြူးဖျာမြုလုပ်သည့် သင်မများကို တိုင်းဒေသကြီးအတွင်း သင်မ အများဆုံးစိုက်ပျိုးသော ပန်းတနော်ဒေသမှ ဝယ်ယူပြီး ဖျာလုပ်ငန်းကို လုပ်ကိုင်ကြပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆောင်း သီးနှံအဖြစ် ဆီထွက်သီးနှံ ၂၂၈၉၃ ဧက ၊ ပဲမျိုးစုံ ၁၆၈၁၈၇ ဧက ၊ စားဖိုဆောင်သီးနှံ ၃၁၀၉ ဧက နှင့် အခြားသီးနှံ စိုက်ဧက ၁၅၁၃၀ ဧက စိုက်ပျိုးခဲ့ပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းသီးနှံအဖြစ် ဆီထွက်သီးနှံ ၁၃၉၁၁ ဧက ၊ ပဲမျိုးစုံ ၁၆၈၁၈၇ ဧက ၊ စားဖိ
