ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ဈေးရပ်ကွက်ဈေးလမ်းတွင် ကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်ရောင်းချသူများ၏ ဈေးဆိုင်များတွင် (၁၃.၅.၂၀၂၄)ရက်နေ့တွင် ရောင်းချလျက်ရှိသော ကုန်စည်၊ သားငါး၊ ဟင်းရွက်ဟင်းသီးဈေးနှုန်းများမှာ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့်ဆန် (၃အိတ်) ၊ ဆီတစ်ပိဿာလျှင် (၅၇၀၀) ကျပ်နှုန်းဖြင့်ဆီ (၁၃၂)

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် နွေစပါးများစတင် ရိတ်သိမ်းနေပြီဖြစ်ပါသည်။ ဇီးကုန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးစိုက်ဧက (၆၉၇၃) ဧက စိုက်ပျိုးထားရှိပြီး (၂.၅.၂၀၂၄) နေ့အထိ (၄၃) ဧက ရိတ်သိမ်းပြီးစီး၍ ပျမ်းမျှအထွက်နှုန်း တစ်ဧက (၁၂၀)တင်း ထွက်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ သိရှိရပါသည်။

တောင်ငူခရိုင် အုတ်တွင်းမြို့စည်ပင်သာယာဈေးတွင် ကြက်တက်ရွက်ပြုတ်များကို ရောင်းချလျက်ရှိပါသည်။ ကြက်တက်ရွက်မှာ မိုးမကျခင်တွင်သာပေါ်သော အရွက်တစ်မျိုးဖြစ်ပါသည်။ ကြက်တက်ရွက်များကို ခူးပြီး နာရီဝက်ခန့်ပြုတ်၍ အလုံးလေးများလုံးကာ ဈေးထဲတွင် ရောင်းချကြပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ညောင်ကားယား ကျေးရွာရှိ ရွာသူ/ရွာသားများသည် လယ်ယာလုပ်ငန်းကို အဓိကလုပ်ကိုင်ကြပြီး တစ်ဖက်တစ်လမ်းတွင် လယ်ယာလုပ်ငန်းခွင်မှ အားလပ်ချိန်များတွင် အပိုဝင်ငွေရရှိရန်အတွက် မြန်မာ့ရိုးရာဝါးခမောက်လုပ်ငန်းကို တပိုင်တနိုင် လုပ်ကိုင်ကြကြောင်း သိရပါသည်။

တောင်ငူမြို့တွင် ၂၀၂၄ခုနှစ် မေလဒုတိယအပတ်တွင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် ၁၄၀၀၀၀ ကျပ်၊ ဒေသပေါ်ဆန်း တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ ဧည့်မထဆန် တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။
