ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံဖြစ်သော ကုလားပဲ(၃) မျိုး၊ ထောပတ်ပဲ၊ ပဲဇီးကွက်၊ စွန်တာနီ၊ ပဲယင်းနှင့် အခြားပဲများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူဒေသထွက်ပဲများသာမက အခြားဒေသမှ ပဲများလည်းဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပဲစင်းငုံနီစိုက်ပျိုးရာဒေသများဖြစ်သော ပခုက္ကူမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ချေက်ကန်အုပ်စု၊ အရှေ့ချောက်ကန်၊ အနောက်ချောက်ကန်၊ လက်ပံကန်၊ မန်ကျည်းကိုးပင်နှင့် အင်ပင်၊ ကိုင်းအုပ်စုကျေးရွာများ၊ ကန်တော်၊ ကံလှကျေးရွာများတွင် ပဲစင်းငုံနီများကို သီးညှပ်သီးထပ်အဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပဲ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်မှထွက်ရှိသော ပဲမျိုးစုံများဖြစ်သည့် ပဲယင်းနီ၊ ထောပတ်ပဲ၊ ကုလားပဲ၊ ပဲလွန်းပြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံနီ၊ နှမ်း၊ ကြက်သွန်နီများကို အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် ရေကြောင်းလမ်းပို့ဆောင်ရေးတို့မှသိရှိရပါသည်။

မွန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်ရာ မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့် မြို့အနီးအနားဝန်းကျင် တစ်ဝိုက်တွင် ယိုးဒယားပိန္နဲသီးမျိုးများ စိုက်ပျိုးမှုဖြစ်ထွန်း၍ ယခုနှစ်တွင် ပိန္နဲသီးများလှိုင်လှိုင်ထွက်ရှိပြီး ဈေးကောင်းရရှိနေကြောင်း သိရသည်။
မွန်ပြည်နယ်သည် လယ်ယာသီးနှံ ဥယျာဉ်ခြံများနှင့် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကောင်းမွန်သည့်ပြည်နယ်ဖြစ်ရာ ကာလရှည်သီးနှံတစ်မျိုးဖြစ်သည့်ရာသီပေါ် ဒူးရင်းသီးများ စတင်ထွက်ရှိချိန် လူကြိုက်များသည့် သီးနှံတစ်မျိုးဖြစ်သောကြောင့် ဈေးကောင်းရရှိ၍ စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။