ပြည်တွင်းကုန်သွယ်မှုသတင်းများ
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှစ၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဝက်သားစျေးနှုန်းများမှာ (၂၆၀၀၀)ကျပ်မှ (၃၃၀၀၀)ကျပ်အထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် ပီလောပီနံစိုက်ဧက ၉၂၆၅ဧကစိုက်ပျိုးပြီး၊ ဟင်္သာတမြို့နယ်တွင် ၃၇၅၆ဧက၊ ဇလွန်မြို့နယ်တွင် ၆ဧက၊ လေးမျက်နှာမြို့နယ်တွင် ၅၅၀၉ဧကစိုက်ပျိုးပါသည်။ ပီလောပီနံသည် မိုးရေချိန် ၃၀လက်မမှ ၁၂၀လက်မနှင့် အပူချိန် ၂၅ဒီဂရီစင်တီဂရိတ်နှင့် ၃၂ဒီဂရီစင်တီဂရိတ်အကြား စိုက်ပျိုးဖြစ်ထွန်းသဖြင့် မိုးရေချိန် ပျမ

၂၀၂၄ခုနှစ်၊ အောက်တိုဘာ ပထမအပတ်တွင် ဘားအံမြို့ပေါ် ရေပေါ်ဈေးအတွင်း ဒေသထွက် အာတာလွတ်ဥများ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းခရိုင် (၄) ခုရှိရာ ခရိုင် (၄) ခုလုံး၏ တောင်စောင်းတစ်လျှောက်တွင် ကွမ်းသီးပင်နှင့် သီဟိုဠ်ပင်တို့ကို စီးပွားဖြစ်အများအပြားစိုက်ပျိုးလျက်ရှိပြီး ဒေသမှထွက်ရှိသော ကွမ်းသီးနှင့်သီဟိုဠ်ဈေးနှုန်းများမှာ အောက်တိုဘာလ ပထမပတ်အတွင်း တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ အောင်လံကုန်စည်ဒိုင်တွင်၂၀၂၄-ခုနှစ် အောက်တိုဘာလ (ပထမပတ်) အတွင်း ပဲမျိုးစုံသီးနှံများ နေ့စဉ်ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။
ကုလားပဲ
