Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၌ စားသုံးသူအသိပညာပေးဟောပြောခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၅)ရက်၊  နံနက် (၀၉:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင်  သင်တန်းဆရာ/ဆရာမများနှင့် အားကစားသင်တန်းသားများအား  အသိပညာပေးဟောပြောခဲ့ပါသည်။

          ထိုသို့ဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံက စားသုံးသူကာကွယ်ရေးနှင့်သက်ဆိုင်သော အသိပညာများကိုလည်းကောင်း၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ သိကောင်းစရာများကိုလည်းကောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး စိမ်းလဲ့မြေဆန်စက်သို့ ကွင်းဆင်းစစ်ဆေး

     စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာရှိ စိမ်းလဲ့မြေဆန်စက်အား (၃.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြုလုပ်ခဲ့သည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူး ဦးအောင်လွင်က  ဆန်စက်ပိုင်ရှင်နှင့် တွေ့ ဆုံ၍ စိမ်းလဲ့မြေဆန်ကြိတ်ခွဲသန့်စင်စက်လုပ်ငန်းအကြောင်းကို မေးမြန်းခဲ့ပြီး စပါးသန့်စင်စက်၊ အခြောက်ခံစက်၊ စပါးသိုလှောင်ရုံ၊ ဆန်သိုလှောင်ရုံများရှိပြီး ဆန်စပါးခွန်ချွတ်စက်၊ ဆန်အချောထုတ်စက်၊ ဆန်ကွဲသန့်စင်စက်များ၊ ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရုံများနှင့် စနစ်တကျလည်ပတ်နေပြီး၊ ကောင်းမွန်သော ဆန်အရည်အသွေးဖြင့် ဖြန့်ချိနိုင်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး၊ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကို ပူးပေါင်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်းကို ရှင်းလင်းခဲ့ပြီး စားသုံးသူရေးရာဦးစီး ဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေးခြင်းနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Gasifierသုံး ရေဆိုးရေညစ်ထုတ် ရေစစ်ကန် အသုံးပြုမှု အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

ဆီလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးခြင်း

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၄ခုနှစ် ဧပြီလ ၃ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကမ်းနားလမ်း မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူ လုပ်ငန်းရှင် (၂၇)ဦး နှင့်တွေ့ဆုံ၍  လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြောဆွေးနွေးခဲ့ကြသည်။

    အဆိုပါဆွေးနွေးပွဲတွင် မအူပင်ခရိုင်ဦးစီးမှူးရုံး ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးက စားသုံးသူ ကာကွယ် ရေးဥပဒေ(၂၀၁၉) စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်တာဝန် အကြောင်း ကိုလည်းကောင်း ၊ ဆီလုပ်ငန်းရှင်များ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ အရ စားသုံးဆီ၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏနှင့် ထားသိုသိမ်းဆည်းမှု အညွှန်း၊ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်းနှင့် ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည့် ကုန်ပစ္စည်းကိုသာ ရွေးချယ်ရောင်းချရန်၊ တရားမဝင်တင်သွင်း ကုန်စည်များကို ရောင်းချခြင်းမပြုရန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသို လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ် တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခ အမြတ် ၂% ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကား ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များကလည်း သိရှိလိုသည်များမေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

 

 

ဆီရောင်းချသူလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

        (၃.၄.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။

       အဆိုပါဟောပြောမှုတွင် စားသုံးသူရေးရာဦးစီးဌာမှ တာဝန်ရှိသူက  စားသုံးဆီဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူကာကွယ်ရေး ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ကိုလိုက်နာကြရန်၊ စားသုံးဆီနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာဆောငရွက်ရမည့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံသောကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့်ဖော်ပြရန်၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန်ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ စားသုံးဆီ ဖြန့်ဖြူးရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ကို လိုက်နာ ဆောင်ရွက်မှုမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကိုက်ညီမှုရှိ/မရှိ စားသုံးသူရေးရာရေးရာဦးစီးဌာနတွင် လာရောက် လျှောက်ထားနိုင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းများအားစားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီလ(၄)ရက်၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့ သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းအလုပ်သမား(၂၀)ဦးအား စားသုံးသူကာကွယ်ရေး   အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။

        အဆိုပါအသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့်စပ်လျဉ်း၍ စားသုံး  သူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုများဝယ်ယူရာတွင် မြန်မာဘာသာဖြင့်ရေးသားဖော်ပြထား‌သော ကုန်စည်များကိုသာရွေးချယ်ဝယ်ကြရန်နှင့်ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ မည်သည့် စီးပွားရေးလုပ်ငန်းရှင်မဆို  ကုန်အညွှန်းအမှတ်အသား  ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီသိသာထင်ရှားစွာဖော်ပြရမည့်အချက်များ ၊ တားမြစ်ဓာတု ဆိုးဆေးနှင့်တာရှည်ခံဆေးပိုးသတ်ဆေးအန္တရာယ်များအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ သည်ဟု သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

အသိပေးကြေညာချက်

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီအနေဖြင့် ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် စားအုန်းဆီ ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။

    ယခုအခါ ပြည်တွင်းရှိ အချို့သောမြို့နယ်များတွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူ အချို့သည် အဆိုပါသတ်မှတ်ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူပို့ဆောင်မှု စရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာထပ်ဆောင်းလျက် ရောင်းချမှုများရှိကြောင်း တွေ့ရှိရပါသည်။

    သို့ဖြစ်ရာ ပြည်တွင်းဈေးကွက်အတွင်း စားအုန်းဆီများကို ဝိသမလောဘဖြင့် ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း အပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

ဖျာပုံမြို့နယ်(အထက-၁)သင်တန်းကျောင်းရှိဆရာ/ဆရာမများအား စားသုံးသူအသိပညာပေး ဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍    ဝန်ထမ်းများနှင့်အတူ ၂၀၂၄  ခုနှစ်၊  ဧပြီလ(၁)ရက်နေ့၊  နံနက်( ၁၀:၀၀)အချိန်တွင်  ဖျာပုံ မြို့နယ်( အထက-၁ )သင်တန်းကျောင်းရှိ ဆရာ / ဆရာမ(၂၀၀)ဦးအား စားသုံးသူအသိပညာပေး ဟောပြောခြင်းကို  ကျင်းပပြုလုပ်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေး  ဥပဒေအခန်း(၉) ဥပဒေပုဒ်မ(၁၉)ပါ စားသုံးသူအခွင်အရေးနှင့် တာဝန်များ၊ ပုဒ်မ(၂၆)အရစီးပွားရေး  လုပ်ငန်းရှင်သည် စားသုံးသူအပေါ် ဝန်ဆောင်မှုပေးခြင်းနှင့် စပ်လျဉ်းသည့် အာမခံချက်များကို  လည်းကောင်းရှင်းလင်းဆွေးနွေးခဲ့ပြီးမြိုနယ်တာဝန်ခံမှကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက် များနှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည်အချက်များ၊ သတိထားရွေးချယ်ချယ်ရမည့်အချက်များ၊ ဓာတုဆိုးဆေး၊ တာရှည်ခံဆေး၊ ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်တက်သည့် ဘေးအန္တရာယ်များအကြောင်း အသိပေးဟောပြောဆွေးနွေးပြီး မိမိတို့စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်လည်း  ကုန်စည်နှင့်ဝန်ဆောင်မှုများ  လုံခြုံစိတ်ချရမှုရှိစေရေး အသိပညာပေးခြင်း၊ ဘေး အန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို  ဈေးကွက်အတွင်းမှ  ပြန်လည်သိမ်းဆည်းစေရေး  တို့ကို အခါမလပ်ကြိုးစားအားထုတ်ပြီး ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်းများ ပြုလုပ်လျက် ရှိပါကြောင်း၊ ထိုနောက်ဆရာ/ဆရာမများအား စားသုံးသူအသိပညာပေးလက်ကမ်းစာ  စောင်များကို ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

 

 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်စာဖတ်သူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

        ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ကျိုက်လတ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်  တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီ(၁)ရက်နေ့၊နံနက်(၁၁:၀၀) နာရီအချိန်တွင်ကျိုက်လတ်  မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်  စာဖတ်သူပြည်သူများအား    စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ကျိုက်လတ်မြို့နယ်တာဝန်ခံမှ စာသုံးသူကာကွယ်ရေးဥပဒေ အကြောင်းများထဲမှစားသုံးသူအခွင့်အရေးများ၊ကုန်စည်၊ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍အာမခံ ပေးထား မှုအပေါ်   စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊    ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်းသည့်ကိစ္စများအကြောင်း ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ နစ်နာ မှုရှိပါက အရေးဆိုတိုင် ကြားနိုင်သည့် Call Center 1535 သို့ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ပြီဖြစ်ကြောင်း ဟောပြောခဲ့  သည့်ဟုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Gold data ဆန်စက်တွင် လုပ်သားများအားစားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

       ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ် တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၄)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ဒေးဒရဲမြို့နယ် လေးကုန်း‌ကျေးရွာရှိ Gold data ဆန်စက်တွင် လုပ်သားများအားစားသုံး သူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို  ဆောင်ရွက်ခဲ့ပါသည်။

        အဆိုပါဟောပြောပွဲတွင် ဒေးဒရဲမြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း များထဲမှ  စားသုံးသူအခွင့်ရေးအကြောင်း ၊  ကုန်အညွှန်းအမှတ်အသားနှင့်  စပ်လျဉ်းသည့်   ကိစ္စများ  အကြောင်း၊  ကုန်စည်ဝန်ဆောင် မှုနှင့် စပ်လျဉ်း၍   စားသုံးသူများနစ်နာမှုရှိလာပါက   အရေးဆိုတိုင် ကြားနိုင်သည့်  Call Center (1535) သို့    ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ကြောင်း   စားသုံးသူများ သာ မကကုန်စည်၊   ဝန်ဆောင်မှုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသော လုပ်ငန်းရှင်များပါ စားသုံးသူ ကာကွယ်  ရေးကိစ္စရပ်များနှင့်ပတ်သက်၍    သိရှိလိုသည်များကိုမည်သူမဆို Call Center(1535)သို့ မေးမြန်းနိုင်ပါကြောင်း အသိပညာပေးဟောပြောခဲ့သည်ဟုသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဒေးဒရဲမြို့နယ်ဘုရားကလေးကွင်းကျေးရွာရှိအောင်တံခွန်ဆန်စက်သို့ MSMEsလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကွင်းဆင်းစိစစ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်   စားသုံးသူရေးရာဦးစီးဌာနမှ    မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီလ(၁)ရက်နေ့၊နံနက်(၁၁:၀၀)နာရီအချိန်တွင်  အောင်တံခွန်ဆန်စက် သို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့် MSMEsလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

        ထိုသို့ကွင်းဆင်းခဲ့ရာတွင် အောင်တံခွန်ဆန်စက်မှ ကြိတ်ခွဲထုတ်လုပ်သော ဆန်များ မြိတ်မြို့သို့  တင်ပို့မှု ရှိ/မရှိ မေးမြန်းခြင်း၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစေရေး၊ အချိန်အတွယ်များ  မှန်ကန်ရေး၊ ဆန်စပါးဈေးကွက် ဈေးနှုန်းအခြေအနေများတည်ငြိမ်မှုရှိ/မရှိ၊ ထုတ်ပိုးမှုစနစ်များလုံခြုံမှုရှိ/မရှိစိစစ်ခြင်းနှင့်MSMEsလုပ်ငန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက်နည်းစနစ်များ၊ခေတ် မီစက်ကိရိယာများတပ်ဆင်နိုင်ရေး၊ ထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မှသာ ဈေးကွက်စီးပွားရေးစနစ်ကျယ်ပြန့်လာနိုင်သလို၊မှီခိုအားထားနေရသော အလုပ်သမားမိသားစုများ အတွက်လည်း စားဝတ်နေရေးပြေလည်နိုင်ကြောင်း၊ ကြိတ်ခွဲရာမှထွက်ရှိလာသော စွန့်ပစ်ပစ္စည်း များလည်း စနစ်တကျ   စွန့်ပစ်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစိစစ်ခဲ့ကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ