Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

၂၈.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၈.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၇.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၇.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

လွိုင်ကော်မြို့တွင် စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိ

စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်းမှုစီစဉ်မှုဖြင့် ပြည်ပမှ စားအုန်းဆီများ တင်သွင်းခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှု အစီအစဉ်ဖြင့် တစ်ပိဿာလျှင် လက်လီဈေး ငွေကျပ် (၄၁၀၀)ကျပ်နှုန်းဖြင့် လွိုင်ကော် မြို့ပြည်နယ်ခန်းမ၌ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၇ ရက်နေ့ထိနေ့စဉ် နံနက် (၉း၃၀) မှညနေ(၁၆း၃၀)နာရီထိ ဌာနဆိုင်ရာဝန်ထမ်းများအား တစ်ဦးလျှင် တစ်ပိဿာ နှုန်းဖြင့် ဦးစွာ ဖြန့်ဖြူးရောင်းချခဲ့ကြောင်း သိရှိရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(ကယားပြည်နယ်)

ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်လှစ်

မကွေးတိုင်းဒေသကြီးအတွင်း အသစ်ခန့်အပ်ထားရှိသော ဝန်ထမ်းများနှင့် လက်ရှိဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ (၂၇) ရက်နေ့၊ နံနက် (၀၉:၄၅)တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားရာ၌ အနာဂတ်ကာလမှာ ဌာနအတွက်ဦးစီးဦးဆောင်ပြုမည့် မျိုးဆက်သစ်ဝန်ထမ်းများကို အရည်အသွေး မြှင့်တင်ပေးသော သွေးသစ်လောင်းပေးသည့် သင်တန်းဖြစ်ပါကြောင်း၊ “ယနေ့လူငယ် နောင်ဝယ် လူကြီး” ဆိုတဲ့ ဆိုရိုးစကားရှိပါကြောင်း၊ ယနေ့ ဝန်ထမ်းငယ်များသည် နောင်တစ်ချိန်တွင် ဌာနအကြီးအကဲများအဖြစ် ပခုံးပြောင်းထမ်းဆောင်ကြရမှာဖြစ်ပါကြောင်း၊ ဌာနရဲ့ရည်မှန်းချက် တာဝန်တွေကို အကောင်အထည်ဖော်မည့် ခေါင်းဆောင်ကောင်း၊ ဝန်ထမ်းကောင်းတွေဖြစ်လာအောင် ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ သင်ယူချင်တဲ့စိတ်၊ ကြိုးစားချင်တဲ့စိတ်၊ တတ်မြောက်ချင်တဲ့ စိတ်ကို စာတွေ့၊ လက်တွေ့ ကိုယ်တိုင်လုပ်မှ တက်သိနိုင်တဲ့ ပညာရပ်တွေကို သိရှိမှာဖြစ်ပါကြောင်း၊ သင်တန်းတွင် သင်ခန်းစာ (၁၀) ခုထည့်သွင်းထားပါကြောင်း၊ သင်တန်းဆရာများအနေဖြင့်လည်း သေသေချာချာပို့ချပေးစေလိုပါကြောင်း၊ သင်တန်း သား/သူများမှလည်း မိမိလက်ရှိမှ လုပ်ငန်းပိုင်းဆိုင်ရာ အရည်အသွေးကို မြင့်မားလာအောင် ကိုယ်တိုင်သေချာကြိုးစားကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ သင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဒုတိယတိုင်းဒေသကြီးဦးစီးမှူး၊ ခရိုင်ဦးစီးမှူး (၂)ဦး၊ ဦးစီးအရာရှိ(၂)ဦးနှင့် ဌာနခွဲတာဝန်ခံ(၅)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်အလိုက် သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသား/သူ(၂၀)ဦးတက်ရောက်ကြောင်း သတင်းရရှိပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မကွေးတိုင်းဒေသကြီး)

၂၆.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၆.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၂၅.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၅.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကောက်စောစပါးများ စတင်ထွက်ပေါ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်တွင် ကောက်စောစပါးများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် မိုးစပါးစိုက်ဧကမှာ (၃၈၂၆၀၉)ဧက စိုက်ပျိုးပြီး အထွက်နှုန်းမှာ တစ်ဧကလျှင် ပျမ်းမျှ တင်း(၇၀)ခန့်ထွက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ပျမ်းမျှအထွက်တင်းအနေဖြင့် (၂၆၈၁၄၉၆၇)တင်း ထွက်ရှိနိုင်ပြီး စားသုံးပိုလျှံမှုအနေဖြင့် ပြည်ခရိုင်တွင် လူဦးရေ(၉၄၈၇၄၆)ဦးရှိပြီး လူတစ်ဦးလျှင် တစ်နှစ် ပျမ်းမျှစားသုံးနှုန်းမှာ (၁၅)တင်းနှင့် မျိုး၊ အလေအလွင့်ထပ်နှုတ်ပါက စပါးတင်းပေါင်း (၁၁၀၁၄၁၁၀) တင်းခန့်ပိုလျှံနိုင်မည်ဖြစ်ပါသည်။
ပြည်ဈေးကွက်သို့ အနီးပတ်ဝန်းကျင်ဒေသများဖြစ်ကြသော ဇီးကုန်း၊ နတ်တလင်း၊မြန်အောင် နှင့် ကြံခင်းဘက်မှလည်း မိုးစပါးများ လာရောက်ရောင်းချကြလို့ နေ့စဉ် အရောင်းအဝယ်ဖြစ်လျှက် ရှိ ပါသည်။ စပါးဈေးနှုန်းများမှာ အစိုဓါတ် (၂၀%) မှ (၂၅%)ကြားရှိ ပေါင်(၅၀)ဝင် တင်း(၁၀၀)လျှင် စပါး အရည်အသွေးပေါ်မူတည်၍ (၆၀၀၀၀၀)ကျပ်ဈေးအထိ ဈေးဖွင့်ဝယ်ယူလျှက်ရှိပါသည်။ ဆန်ဈေး အနေဖြင့် ယခုထွက်ပေါ်သည့် ကြိတ်သစ်ဆန် (၂၅%)မှတ် (Well-Milled) (၁၀၈)ပေါင် တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျှက်ရှိပါသည်။ ဆန်ကွဲဈေးမှာ (2,3,4) တစ်အိတ်လျှင် (၂၀၀၀၀)ကျပ်၊ ဆန်ကွဲ (A 1,2 – Sorted ) တစ်အိတ်လျှင် (၂၄၀၀၀)ကျပ်ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရပါသည်။

၂၂.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၂၂.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၈.၁၀.၂၀၂၁ ရက်နေ့ စားအုန်းဆီ ဈေးနှုန်းသတင်းနှင့် တစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်း

(၁၈.၁၀.၂၀၂၁)ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီများနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးအား Virtual စနစ်ဖြင့် ကျင်းပ

    ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့် ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်(၁၀:၀၀)နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ရုံးအမှတ်(၅၂)တွင် စားသုံးသူရေးရာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဉီးဆောင်၍ Virtual Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ဖိတ်ကြားထားသည့် ဌာနများမှ တာဝန်ရှိသူများ၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့်အဖွဲ့၊ MITS မှ အုပ်ချုပ်မှုဒါရိုက်တာ နှင့်အဖွဲ့၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဟင်းသီးဟင်းရွက်ဆီ တင်သွင်း၊ထုတ်လုပ်၊ဖြန့်ဖြူး၊ ရောင်းချနေကြသည့် လုပ်ငန်းရှင် (၂၂) ဉီး၊ စုစုပေါင်း (၄၀) ဉီး တက်ရောက်ခဲ့ပါသည်။

     အစည်းအဝေးကို အခမ်းအနားအစီအစဉ် (၈) ရပ်ဖြင့် ကျင်းပခဲ့ပြီး ဈေးကွက်တွင် (Vegetable Oil) ဟု ဖော်ပြရောင်းချနေသည့် ဆီများတွင် အုပ်စုအမည်ဖြစ်သည့် “ဟင်းသီးဟင်းရွက်ဆီ (Vegetable Oil)” ဟူသည့် ဖော်ပြချက်အပြင် ယင်းဆီတွင် ပါဝင်သည့်ပစ္စည်း (ပင်းရင်းဆီထွက်သီးနှံ၏ အမည်) ကိုပါ မြန်မာဘာသာဖြင့် ဖော်ပြနိုင်ရေး နှင့် အသားတင်ပမာဏ ဖော်ပြရာတွင်လည်း ဘူးသွင်းဆီများတွင် ဖော်ပြ ထားရှိသည့် International System of Unit အရ ထုထည် ဖော်ပြချက် (လီတာ)အပြင် မြန်မာအလေးချိန်ပုံစံ (ပိဿာ/ကျပ်သား) ကို ထပ်မံထည့်သွင်း ဖော်ပြနိုင်ရေး ဟူသည့် အချက်(၂) ချက်အပေါ်တွင် ဦးတည်၍ ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၂:၀၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ