သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများအားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျက်ရှိသောကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေးရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့မှ(၁၅)ရက်နေ့အတွင်း ပြည်မြို့၊ ဆံတော်ရပ်ကွက်ရှိ ဒေါ်တိုးတိုးဝင်း၏ စိန်နွားမင်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ စက်တင်ဘာလအတွင်း ဖြစ်ပေါ် ခဲ့သော အခြေခံစားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းစာရင်းအား ဒလမြို့နယ်၊ အောင်ဇေယျဈေးအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် သွားရောက်၍ ကွင်းဆင်းကောက်ယူခဲ့ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဂယက်လမီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ(၂၀)ရက်နေ့၊ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးရှိ ခရိုင်ဦးစီးမှူး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှု ဌာနခွဲတာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ အုတ်တွင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့အတွင်းရှိ အခြေခံလူသုံးကုန်ပစ္စည်းနှင့် အိမ်သုံးဆေးဝါးများအား ပြတ်လပ်မှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီခွဲတမ်းရရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေအား စက်တင်ဘာလ (၂၂)ရက်နေ့၊ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် စက်သုံးဆီဆိုင်များသို့ အဖွဲ့စုံဖြင့် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
