သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၅.၉.၂၀၂၄)ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် မင်းလမ်းမပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၄-၉-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ အ.လ.က(လေထီး)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာများဟောပြောခဲ့ပါသည်။

ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်(၅)မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနည်းပြသင်တန်းကို ပုသိမ်မြို့၊ အ.ထ.က(၁)ကျောင်း၊ အစည်းအဝေးခန်းမတွင် ၂၃.၉.၂၀၂၄ ရက်နေ့မှ ၂၇.၉.၂၀၂၄ ရက်နေ့ထိ ကျင်းပလျက်ရှိပါသည်၊၊

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ကွန်ပျူတာအဆင့်မြင့်သင်တန်းအား (၂၃-၉-၂၀၂၄)ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြပြီး အခမ်းအနားစတင်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ

ဧရာဝတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၌ ၂၃.၉.၂၀၂၄ နေ့၊နံနက်ပိုင်းက သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဆီရောင်းချရေးအတွက် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးပူးပေါင်းအဖွဲ့ဖြင့် လက်လီ လက်ကားဆီဆိုင် (၈)အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
