သတင်းနှင့် လှုပ်ရှားမှုများ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၄ခုနှစ်၊ ဧပြီလ(၁၀)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ် တွင် ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းကို ၂၆.၄.၂၀၂၄ ရက်နေ့တွင် မြိုနယ်အတွင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော်ကောင်စီဦးစီးမှုးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍ ဝန်ထမ်း(၅)ဦးသည် (၂၃-၄-၂၀၂၄)ရက်နေ့၊ နံနက်(၁၀း၃၀)အချိန်တွင် အေလာမြို့၊ စီးပွားရေး လုပ်ငန်းရှင်တစ်ဦး၏ စက်ရုံတွင် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီ ရောင်းချသူများနှင့် စားသုံးသူပြည်သူများသို့ စားသုံးဆီ (စားအုန်းဆီ)နှင့်ပတ်သက်၍ လျော့ချသုံးစွဲသွားရန် အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ရုံးမှ ဦးဘောမ်ဇုန်း (ရုံးအုပ်) သည် (၂၄-၄-၂၀၂၄) ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ လပြည့်ဝန်းလူမှုကူညီရေးအဖွဲ့အသင်းသား/ အသင်းသူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်းသည် (၂၄-၄-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော အန်သီသန်း(ကုန်စုံဆိုင်)သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ