သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
25 Apr 2024

     ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၀.၄.၂၀၂၄) ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ စားသုံးသူပြည်သူများအား လပွတ္တာမြို့နယ်  (၃)မိုင်မြို့သစ်ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show  ပြုလုပ်ခဲ့ပါသည်။

25 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေသည် (၉.၄.၂၀၂၄) နေ့၊ နံနက် (၁၁:၀၀)အချိန်တွင် ၊ ဟင်္သာတမြို့၊ လယ်တော်ရပ်ကွက်၊ ကားကြီးဝန်း အတွင်းရှိ ဟင်္သာတ ကုန်စည်ဒိုင်တွင် ကုန်စည်ရောင်းဝယ်မှုအခြေအနေများအား ကုန်စည်ဒိုင် အသင်းသားများနှင့် တွေ့ဆုံ၍ ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

25 Apr 2024

      စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ ဒု-ဦးစီးမှူးသည် (၄.၄.၂၀၂၄)ရက်နေ့၊ နေ့လယ် (၁၄:၀၀) အချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Show အစီအစဉ်ကိုဆောင်ရွက် ခဲ့ပါသည်။

25 Apr 2024

       စားသုံးသူရေးရာဦးစီးဌာန ကြံခင်းမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကြံခင်းမြို့နယ် ၊ ရွာသစ်ရပ်၊  မြို့မဈေး အတွင်းရှိ စားသုံးဆီရောင်းချသော ကုန်စုံဆိုင် များအား (၈.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) အချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

25 Apr 2024

    စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည် (၅.၄.၂၀၂၄) ရက်နေ့ ၊နေ့လယ် (၁၄:၀၀) အချိန်တွင် ဇလွန်မြို့နယ် ဓမ္မာရုံလမ်း၊ ဆန်တန်းရပ်ကွက်ရှိ အောင်ဇေယျသန်းဆန်စက်လုပ်ငန်းသို့ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် SMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကွင်းဆင်း ဆောင်ရွက်ခဲ့ပါသည်။

Pages