သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ ဧပြီလ (၅)ရက်၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ရေကြည်မြို့နယ်ရှိ အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားခန်းမတွင် သင်တန်းဆရာ/ဆရာမများနှင့် အားကစားသင်တန်းသားများအား အသိပညာပေးဟောပြောခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မဲဇလီကျေးရွာရှိ စိမ်းလဲ့မြေဆန်စက်အား (၃.၄.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်က ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၄ခုနှစ် ဧပြီလ ၃ရက်နေ့က စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကမ်းနားလမ်း မအူပင်ခရိုင်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူ လုပ်ငန်းရှင် (၂၇)ဦး နှင့်တွေ့ဆုံ၍ လုပ်ငန်းရှင်အသိပညာပေးခြင်း ဟောပြောဆွေးနွေးခဲ့ကြသည်။
(၃.၄.၂၀၂၄)ရက်နေ့က စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးခိုင်လွမ်းမိုး (အငယ်တန်းစာရေး)က ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးတွင် ဆီရောင်းချသူလုပ်ငန်းရှင်(၇)ဦးနှင့် တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည်၂၀၂၄ခုနှစ်၊ဧပြီလ(၄)ရက်၊ နံနက်(၁၁:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့ သာပေါင်းကျေးရွာအောင်သုခဆန်စက်ရှိဝန်ထမ်းအလုပ်သမား(၂၀)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းကိုဆောင်ရွက်ခဲ့ကြပါသည်။