သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် ဇလွန်မြို့နယ် လမ်းမတော်(မ) ရပ်ကွက်၊ အဒါးလမ်းရှိ အား/ကာခန်းမ၊ နွေရာသီအားကစားသင်တန်းတွင် သင်တန်းသား/ သင်တန်း သူ(၅၅)ဦးအား (၂.၄.၂၀၂၄)နေ့၊ နေ့လယ် (၁၅:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဟင်္သာတခရိုင်၊ ကနောင်စုရပ်ကွက်၊ တိုက်ကျောင်းလမ်းရှိ ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ငါးလုပ်ငန်းဦးစီးဌာနရှိ ဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦစီးဌာနရှိ ဝန်ထမ်းများအား (၄.၄.၂၀၂၄)ရက်နေ့ ၊နေ့လယ်(၁၄:၀၀)အချိန်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်၊ မြို့နယ်တာဝန်ခံသည် (၅.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်ရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တာဝန်ခံ ဦးစိုးညီညီသည် (၁၁.၄.၂ဝ၂၄)ရက်နေ့၊ နေ့လယ်(၁၁:ဝဝ)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေး ဦးစီးဌာနတို့နှင့် ပူးပေါင်းကာ ကျိုက်မရောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show"ကျင်းပပြ
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံသည် (၁၁.၄.၂ဝ၂၄)ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကာ မုဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ "ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်ခြင်းနှင့် ဘေးအန္တရာယ်ရှိသော ဝန်ဆောင်မှုကို တားမြစ်ခြင်းဆိုင်ရာ အသိပညာပေး Talk Show" ကျင်းပပြုလုပ်ခဲ့သည်။