သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 May 2024

    ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ၂၀၂၄ခုနှစ်၊ မေလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့ရှိ Light House (အလင်းအိမ်) ကော်ဖီလုပ်ငန်းသို့ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းပိုမိုတိုးတက်အောင်မြင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

21 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၆-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ ဆန်သိုလှောင်ရုံများနှင့် ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်သိုလှောင်ထားရှိမှုနှင့် ရောင်းချဖြန့်ဖြူးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

21 May 2024

     ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂၄ခုနှစ်၊ မေ လ ၁၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်အရ ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် ဆီအရောင်းဆိုင်(၅)ဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

21 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ပဲခူးမြို့နယ်တာဝန်ခံတို့သည် (၁၅-၅-၂၀၂၄) ရက်နေ့တွင် ပဲခူးမြို့အတွင်းရှိ ခွဲတမ်းရရှိသော စားအုန်းဆီရောင်းချမှုပြုလုပ်နေသည့် ကုန်စုံဆိုင်များသို့သွားရောက်၍ ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ပါသည်။

21 May 2024

        ၂၀၂၄ခုနှစ်၊ မေလ ၁၅ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင် (၅)ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးကွက်အတွင်းဖြန့် ဖြူးရောင်းချနေသည့် ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ၊ ဘေးန္တာ ရယ်ဖြစ်နိုင်သည့် သက်တမ်းလွန်ဆေးဝါးများရောင်းချနေခြင်း ရှိ / မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသ

Pages