ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ငွေကြယ်မုန့်မျိုးစုံလုပ်ငန်းအား ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးနေဝေယံဦး (လက်ထောက်ညွှန်ကြားရေးမှူး)ဦးဆောင်၍ဝန်ထမ်းများသည်(၁၁.၁၁.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ နယ်မြေ(၁) ရှိ “ငွေကြယ်” မုန့်မျိုးစုံလုပ်ငန်းသို့ ဈေးကွက်မရောက်မီ စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးနေဝေယံဦး(လက်ထောက်ညွှန်ကြား‌ရေးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်‌ရေး‌ ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ အကြောင်းအရာများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသား တင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခုခု(သို့မဟုတ်) တစ်ခုထက်ပိုလျက်တွဲလျက် ဖြစ်စေဖော်ပြရမည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)