
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့ရှိ အားသစ် ကိုယ်ပိုင်အထက်တန်း ကျောင်းတွင် (၂၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၃၀နာရီ အချိန်တွင် မြို့နယ်စားသုံးသူရေး ရာဦးစီးဌာန၊ ခရိုင်တာဝန်ခံမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများအားအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်း အမှတ်သားများ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာဝယ်ယူသုံးစွဲကြရန်နှင့်ရွေးချယ်မှုများ ပြုလုပ်တတ်စေရန် ကုန်စည်နမူနာများတွင် ပါရှိသော ကုန်အညွှန်းအမှတ်အသားများအား ပြသရှင်း လင်းခြင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်ပါကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် နေရာများ၊ နည်းလမ်းများကို လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ Website တွင်လည်းစားသုံးသူကာကွယ် ရေးဥပဒေနှင့် ဌာန၏ ဆောင်ရွက်ချက်များကို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သလို နစ်နာဆုံးရှုံးမှုများကိုလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ကျောင်းသား/ ကျောင်းသူများမှ ဟောပြောဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့် အကြောင်းအရာများအားမေးမြန်းဆွေးနွေးရာခရိုင်တာဝန်ခံမှပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။အဆိုပါဟောပြောပွဲသို့ ဆရာ/ ဆရာမ(၁၀) ဦး၊ ကျောင်းသား/ ကျောင်းသူ (၉၀)ဦး၊ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA (မန္တလေး)
