သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
21 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ​မော်လမြိုင်မြို့နယ် တာဝန်ခံသည် ၁၇.၅.၂၀၂၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍  ​မော်လမြိုင်မြို့နယ်၊ ရတနာထွန်းပွဲရုံတန်းရှိ ကုန်စုံဆိုင်ကြီးများအား ဦးစား​ပေးကုန်စည်ဖြစ်​သော ​အသင့်စား​ခေါက်ဆွဲခြောက်ထုပ်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

21 May 2024

     မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် ၁၆.၅.၂၀၂၄ ရက်နေ့တွင် ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ၏ Talk Show အစီအစဉ်တွင် Online ရောင်းဝယ်မှုဆိုင်ရာ စားသုံးသူ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

21 May 2024

      စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးနေထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးအောင်ကိုကိုတို့နှင့်အတူ (၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဆန်ဂိုဒေါင်များနှင့် ဆန်အရောင်းဆိုင်များသို့သွားရောက်၍ ဆန်စပါးသိုလှောင်ထားရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

21 May 2024

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးအုန်းမြင့် ဦးဆောင်သော ဝန်ထမ်းများသည် (၁၇.၅.၂၀၂၄)နံနက်(၀၉း၀၀)နာရီအချိန်တွင် မြို့နယ်ရှိ မိတ်ဖက်ဌာနများဖြစ်သည့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ သရက်မြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်တို့တွင် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချမှုမရှိစေရေး၊ သက်တမ်းလွန်ဆေးဝါးမျာ

21 May 2024

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းနှင့်ကံမမြို့နယ် တာဝန်ခံ၊ ဒုတိယဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းသည်(၁၅-၅-၂၀၂၄)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကံမမြို့ မြို့ပေါ်ရပ်ကွက်များရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းများသို့ သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာ

Pages

a