သတင်းနှင့် လှုပ်ရှားမှုများ
စားသုံးသူရေးရာဦးစီးဌာန ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ (၂၄.၄.၂၀၂၄ )ရက်နေ့ နံနက်ပိုင်းတွင် ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့ မြို့မဈေးအတွင်းရှိ စားသုံးဆီ ရောင်းချမှုပြုလုပ်နေသော ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပျဉ်းမလွင်ကျေးရွာတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားရှိသော တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက ၅၀၀ စိုက်ခင်း တွင် စံကွက်ရိတ်သိမ်းခြင်းအား (၂၅.၄.၂၀၂၄)ရက် နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre )တွင် စားသုံးကာကွယ်ရေးအသိပညာပေး Talk Show ကို (၂၆.၄.၂၀၂၄) ရက်နေ့ နံနက် (၀၉:၀၀) နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများသည် ဈေးကွက်အတွင်းရောင်းချနေသော ကုန်ပစ္စည်းများနှင့်ဆေးဝါးများ ဝယ်ယူသုံးစွဲကြသည့် စားသုံးသူများ ထိခိုက်နစ်နာမှုများမဖြစ်ပေါ်စေရေးအတွက် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မိတ်ဖက်ဌာနများက ဈေးကွက်အတွင်းကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် ညှိနှိုင်းလာပါကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ(၂၆) ရက်နေ့ နံနက်(၉:၀၀) နာရီတွင် ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာကော်မတီ (၄/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပြီး အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးမှ ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဦးစားပေးကုန်စည်အလိုက် ကုန်အ