သတင်းနှင့် လှုပ်ရှားမှုများ
၂၀၂၄ခုနှစ်၊ ဧပြီလ(၂၅)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဖြင့် မြိတ်မြို့ပေါ်ရှိ ကုန်မျိုးစုံအရောင်းဆိုင်များသို့သွားရောက်၍ ၎င်းတို့ရောင်းချနေသော ကုန်စည်များမှ အာဟာရဖြည့် စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြပါဝင်မှုရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ကြပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တာဝန်ခံ ဒုတိယ ဦးစီးမှူးဒေါ်ဌေးဌေးဝင်းသည် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်(၂၆.၄.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပွင့်ဖြူမြို့အရှေ့ပိုင်းရပ်ကွက်ရှိ မိသားစု တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက် ရှိသော “လာဘ်ပွင့်”ပေါင်မုန့် ဆီကြော်လုပ်ငန်းသို့ သွားရောက် ကွင်းဆင်းလေ့လာခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးရုံး၌ (၂၄.၄.၂၀၂၄)ရက်နေ့ နံနက်(၁၁:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူး၊ မင်းဘူးမြို့နယ်တာဝန်ခံနှင့် အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန တိုင်းတာဝန်ခံမှ မြို့နယ်အတွင်းရှိ ဆီစက်လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံပြီး အသိပညာပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာန၏ပင်မလုပ်ငန်းဖြစ်သော စားသုံးသူ ကာကွယ်ရေး အသိပညာပေးဆွေးနွေးခြင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နေရုံသာမက ပြည်တွင်းကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဒေသအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အား ကွင်းဆင်းတွေ့ဆုံပြီး လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှု၊ အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းကူညီဆောင်ရွက်ပေး လျက်ရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ စားသုံးသူပြည်သူများ စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ ဧပြီလ(၂၅)ရက်နေ့၊ နေ့လယ်(၁၀:၃၀)အချိန်တွင် တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မကျီးကန်ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။