သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal
30 Apr 2024

     မွန်ပြည်နယ်၊  သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ၀န်ထမ်းများသည် ၂၄.၄.၂၀၂၄ ရက်နေ့တွင် သထုံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သထုံမြို့မစျေးတာ၀န်ခံနှင့် ပူးပေါင်း၍ သထုံမြို့မစျေးအတွင်း၌ ရောင်းချလျက်ရှိသော စတိုးဆိုင်များတွင် ကလေးအသုံးအဆောင်ပစ္စည်းများအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

30 Apr 2024

     မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူများပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ်ကို ကာကွယ်နိုင်ရေးအတွက် ဆေးဝါးအရောင်းဆိုင်များ၌ ဆရာဝန်ဆေးညွှန်းစာဖြင့် ရောင်းချရန် လိုအပ်သည့် ဆေးဝါးများကို ဆေးညွှန်းစာမပါဘဲ ရောင်းချခြင်း ရှိ/မရှိအား မြို့နယ်အစား အသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်‌ကဲ‌ရေးကော်မတီမှ တာဝန်ရှိသူများ ပူးပေါင်းကာ ၂၅.၄.၂၀၂၄ ရက်နေ့က လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

30 Apr 2024

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ပေးရေးဥပဒေအရ ကုန်စည်(သို့)ဝန်ဆောင်မှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ စားသုံးသူနစ်နာဆုံးရှုံးမှုများအပေါ် တိုင်ကြားလာ၍သော်လည်းကောင်း၊ စားသုံးသူများဘေးအန္တရာယ်ရှိသည်ဟု ထင်မြင်ယူဆရသောကုန်စည် (သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍သော်လည်းကောင်း  စုံစမ်းစစ်ဆေးမှုများပြုလုပ်၍ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

30 Apr 2024

            ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ခရိုင်၊ ပြည်မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအပေါ် ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ တရားမဝင်ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ပြည်မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်း များသည် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပါဝင်သော မြို့နယ်ဈေးကွက် စောင့်ကြည့် စစ်ဆေးရေးအဖွဲ့များနှင့်ပူးပေါင်း၍ (၂၄.၄.၂၀၂၄)ရ

30 Apr 2024

      ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်‌၊ ဘိုကလေးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူပူးပေါင်း၍    ၂၀၂၄ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ဘိလပ်မြေဈေးနှုန်းနှင့်    ပစ္စည်းလက်ကျန်အခြေအနေများအား ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

Pages